ဂွာဒီယိုလာနှင့်ပြိုင်ဆိုင်မှုကြောင့် မန်ယူအသင်းပရီးမီးယားလိဂ်ဖလားရယူရေးကို အထိခိုက်ခံမည်မဟုတ်ဟု မော်ရင်ဟိုပြော

ဂွာဒီယိုလာနှင့်ပြိုင်ဆိုင်မှုကြောင့် မန်ယူအသင်းပရီးမီးယားလိဂ်ဖလားရယူရေးကို အထိခိုက်ခံမည်မဟုတ်ဟု မော်ရင်ဟိုပြော

ဇွန် ၁၊ မန်ချက်စတာ။             ။ ဂွာဒီယိုလာနှင့်ပြိုင်ဆိုင်မှုကြောင့် လာမည့်ရာသီတွင် မန်ချက်စတာယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလားရယူရေးကို အထိခိုက်ခံမည်မဟုတ်ဟု   မော်ရင်ဟိုက ပြောဆိုလိုက်သည်။

ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာနည်းပြဟောင်းတို့သည် ယူနိုက်တက်နှင့် မန်စီးတီးနည်းပြအဖြစ် ထပ်မံပြိုင်ဆိုင်ကြလိမ့်မည်ဟု ရည်ညွှန်းပြောဆိုခံနေရသည်။

သို့သော် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၂၀၀ ရထားသည့် မော်ရင်ဟိုက ၎င်းနှင့်ဂွာဒီယိုလာတို့သည် အားပြိုင်မှုကိုသာ အာရုံစိုက်နေကြပါက အခြားအသင်း ဖလားရသွားလိမ့်မည်ဟု ပြောသည်။

စီးတီးနှင့် ယူနိုက်တက်တို့သည် ကမ္ဘာ့အဆင့်နည်းပြများကိုခေါ်ယူထားပြီးနောက် လက်စတာအသင်းထံမှ ပရီးမီးယားလိဂ်ဖလား လွှဲပြောင်းရယူနိုင်မည့်အသင်းများအဖြစ် ခန့်မှန်းကုမ္ပဏီများက အလေးပေးသတ်မှတ်ထားသည်။

“ကျွန်တော့်ရဲ့အတွေ့အကြုံတွေက ကျွန်တော့်ကို ထုံထိုင်းစေမှာမဟုတ်ဘူး။ ကျွန်တော်စပိန်မှာရှိခဲ့တဲ့ နှစ်နှစ်တာကာလတုန်းက ချန်ပီယံဆုက သူနဲ့ ကျွန်တော့်အတွက်ဖြစ်ခဲ့တယ်။

အဲဒီမှာ ပုဂ္ဂိုလ်ရေးတိုက်ပွဲတွေကို ပိုမိုအသားပေးဖော်ပြခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒါတွေက ချန်ပီယံလုပွဲအပေါ် ရိုက်ခတ်နိုင်တာကိုး။

ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်က သူနဲ့စီးတီးကိုအာရုံထားမယ်။ သူကလည်း ကျွန်တော်နဲ့ ယူနိုက်တက်ကိုအာရုံထားမယ် ဆိုရင် တခြားအသင်းဗိုလ်စွဲသွားလိမ့်မယ်။

ကစားသမားတွေနဲ့ နည်းပြတွေရောက်လာတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့်ကပိုမြင့်လာတယ်။ လေးနှစ်မှာ ချန်ပီယံ လေးသင်းဆိုတာက ပြိုင်ဆိုင်မှုဘယ်လောက်ပြင်းထန်ကြောင်းပြနေတယ်”ဟု   မော်ရင်ဟိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly