နေမကောင်းတာကြောင့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ အရီနာဂရန်းဒ်

နေမကောင်းတာကြောင့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ အရီနာဂရန်းဒ်

အမေရိကန်အဆိုတော် အရီနာဂရန်းဒ်သည် လည်းချောင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် မေ ၂၉ရက်တွင် လစ္စဘွန်းမြို့တွင်  ကျင်းပပြုလုပ်မည့်  Rock in Rio ဖျော်ဖြေ ရေး ပွဲတွင် ၎င်းပါဝင်ဖျော်ဖြေမည့် အစီစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

လည်ချောင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် ဖျော်ဖြေမည့် အစီစဉ် ဖျက်သိမ်းခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း နှင့်  တစ်နာရီလောက် ငိုခဲ့ရကြောင်း ပရိတ် သတ်များကို ၎င်း၏ လူမှုရေးမီဒီယာအကောင့်မှ တစ်ဆင့် ပြောကြားခဲ့သည်။

“ကျွန်မ  Rock in Rio ဖျော်ဖြေပွဲမှာ ကျွန်မရဲ့ဖျော်ဖြေမယ့် အစီစဉ်ကို ဖျက်သိမ်းခဲ့ရတာ ပေါ်တူဂီက ပရိတ်သတ်တွေအတွက် အရမ်းကို ဝမ်းနည်းမိပါတယ်။ ကျွန်မ လည်ချောင်းနဲ့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို ခံစားနေရတဲ့အတွက် ဆရာဝန်က ရက်အနည်းငယ် သီချင်းမ ဆိုဖို့ ကျွန်မကို အကြံပြုခဲ့ပါတယ်” ဟု အရီနာဂရန်းဒ်က ၎င်း၏ အကောင့်တွင် ရေးသားခဲ့သည်။

“ကျွန်မ နေပြန်ကောင်းလာတဲ့အခါ ပရိတ်သတ်တွေအတွက် အကောင်းဆုံးဖျော်ဖြေမှုတွေ လုပ်ပေးသွားမယ်လို့ ကတိပြုပါတယ်။ ကျွန်မ ပရိတ်သတ်တွေအားလုံးကို ချစ်ပါတယ်” ဟု အရီနာ ဂရန်းဒ်က ပြောကြားခဲ့သည်။

အရီနာဂရန်းဒ်သည် မေ ၂၀ ရက်က ၎င်း၏ တတိယမြောက် စတူဒီယို အယ်လ်ဘမ် “Dangerous Woman” ကို ဖြန့်ချိခဲ့သည်။ ယခုသီတင်းပတ်က အရီနာဂရန်းဒ်၏ “Dangerous Woman” အယ်လ်ဘမ်သည် ဒရေ့ခ်၏ “Views” အယ်လ်ဘမ်ကို ကျော်လွန်ကာ ဗြိတိန်တေးဂီတ ဇယားတွင် ပထမဆုံးအကြိမ် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly