စပိန်နောက်ခံလူ ကာဗာဟယ်လ် ၂၀၁၆ ယူရိုပြိုင်ပွဲကို လွှဲချော်ဖွယ်ရှိ

စပိန်နောက်ခံလူ ကာဗာဟယ်လ် ၂၀၁၆ ယူရိုပြိုင်ပွဲကို လွှဲချော်ဖွယ်ရှိ
အက်သလက်တီကိုနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ကာဗာဟယ်လ် ဒဏ်ရာရရှိပြီး ကွင်းတွင်းမှ ထွက်ခွာစဉ်။ ဓာတ်ပုံ - အီးပီအေ

စပိန်နှင့် ရီးယဲလ် ညာနောက်ခံလူ ကာဗာဟယ်လ်ဟာ တံကောက်ကြော ဒဏ်ရာကို ခံစားခဲ့ပြီး ၂၀၁၆ ယူရိုပြိုင်ပွဲကို လက်လွတ်ရလိမ့်မယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့ပါတယ်။

စပိန် ညာနောက်ခံကစားသမားဟာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် (၅၂) မိနစ်အကြာ ကစားပြီးနောက် အဆိုပါ ဒဏ်ရာပြဿနာကို ရရှိခဲ့ပြီး ကွင်းတွင်းမှာ မျက်ရည်ကျလျက် ထွက်ခွာခဲ့ပါတယ်။

တနင်္လာနေ့က စမ်းသပ် စစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက် ကာဗာဟယ်လ်ဟာ တံကောက်ကြော ဒဏ်ရာခံစားခဲ့ရတယ်လို့ မက်ဒရစ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

အကယ်၍ ပြင်သစ်မှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် ကာဗာဟယ်လ်ဟာ အချိန်မီ ပျောက်ကင်းမှု မရှိခဲ့ရင် အသက် (၂၄) နှစ်အရွယ်ရှိ အာဆင်နယ် နောက်ခံလူ ဘယ်လာရင်ကို အစားထိုးဖွယ်ရှိကြောင်း သိရပါတယ်။

ရင်းမြစ်၊ ဂိုးဒေါ့ကွင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly