ရိန်း၏ “La Song” တေးသီချင်း တရုတ်နိုင်ငံ၏ QQ တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ရိန်း၏ “La Song” တေးသီချင်း တရုတ်နိုင်ငံ၏ QQ တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဆိုးလ်၊ မေ ၂၈ ။             ။ တောင်ကိုရီးမင်းသား ရိန်း၏ “La Song” တေးသီချင်းသည် တရုတ်နိုင်ငံ QQ တေးဂီတဇယား တွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း ရိန်း၏ အေဂျင်စီက မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ရိန်းသည် တရုတ်နိုင်ငံ၏ “Runnig Brothers” အစီစဉ်တွင် ပါဝင် သရုပ်ဆောင်ပြီးနောက် တရုတ် ပရိတ်သတ်များ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပုံရသည်။ ယင်းအစီစဉ်ကို မေ ၂၁ ရက်က ထုတ်လွှင့် ပြသခဲ့သည်။

ရိန်းသည် တရုတ်နိုင်ငံ၏ တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ရုံသာမက တရုတ်နိုင်ငံ၏ အကြောင်းအရာ ရှာဖွေရေး ဝက်ဆိုက်ဘ်တွင်လည်း ရိန်း၏ နာမည်သည် ထိပ်ဆုံးမှ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

ရိန်း၏ “La Song” တေးသီချင်းကို ၂၀၁၄ ခုနှစ်က ထုတ်လွှင့်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ QQ တေးဂီတဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေဆဲ ဖြစ်သည်။

ရိန်းသည် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ကွာလာလမ်ပူနှင့် တိုကျိုဖျော်ဖြေရေး ခရီစဉ်များကို အဆုံးသတ်ခဲ့ပြီဖြစ်ပြီး ဇွန် ၄ ရက်တွင် မက္ကာအိုနှင့် ဇွန် ၁၈ ရက်တွင် ပေကျင်းမြို့တို့တွင် ဖျော်ဖြေသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly