လာမည့်နှစ် အက်ဖ်အေဖလားပြိုင်ပွဲတွင် နောက်ဆုံးရှစ်သင်းအဆင့် ပွဲစဉ်များ၌ ပြန်ကန်ပွဲစနစ်ကို အသုံးပြုတော့မည် မဟုတ်

လာမည့်နှစ် အက်ဖ်အေဖလားပြိုင်ပွဲတွင် နောက်ဆုံးရှစ်သင်းအဆင့် ပွဲစဉ်များ၌ ပြန်ကန်ပွဲစနစ်ကို အသုံးပြုတော့မည် မဟုတ်

မေ ၂၇၊ အင်္ဂလန် ။             ။ လာမည့်နှစ်တွင် အက်ဖ်အေဖလားပြိုင်ပွဲများ၌ နောက်ဆုံးရှစ်သင်းအဆင့်ပွဲစဉ်များကို ပြန်ကန်တော့မည်မဟုတ်ဘဲ တစ်ပွဲတည်းအပြတ်ကစားမည် ဖြစ်ကြောင်း အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ကြေညာလိုက်သည်။

အင်္ဂလန်နိုင်ငံ၏ ဘောလုံးပွဲစဉ်များ ကျပ်တည်းမှုကို ဖြေလျှော့နိုင်ရန်အတွက် အက်ဖ်အေဖလား နောက်ဆုံးရှစ်သင်းအဆင့်ပွဲစဉ်များတွင် သရေကျခဲ့ပါက နောက်တစ်ပွဲပြန်ကန်တော့မည်မဟုတ်ဘဲ တစ်ပွဲတည်းအပြတ်ကစားတော့မည်ဖြစ်သည်။ အစောပိုင်းပွဲစဉ်များတွင်တော့ အောက်တန်းလိဂ်မှာ အသင်းငယ်များ အခွင့်အရေးရရှိစေရန်အတွက် ပြန်ကန်ပွဲ စနစ်ကို ထားရှိဦးမည် ဖြစ်သည်။

အင်္ဂလန်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းကို ကြိုဆိုလိုက်ပြီး ဆောင်းရာသီနားရက်ယူရန် ပထမအဆင့် ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဟု ယုံကြည်နေသည်။

အက်ဖ်အေ၏ အမှုဆောင်အရာရှိချုပ်မာတင်ဂလင်းက အပြောင်းအလဲသည် ပြိုင်ပွဲကို ပိုမိုစိတ်လှုပ်ရှားမှုပေးလိမ့်မည်ဟု ဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly