မော်ရင်ဟို၏ ပုံရိပ်မူပိုင်ခွင့်ကိစ္စကြောင့် မန်ယူနည်းပြဖြစ်လာရန်နှောင့်နှေးလျှက်ရှိ

မော်ရင်ဟို၏ ပုံရိပ်မူပိုင်ခွင့်ကိစ္စကြောင့် မန်ယူနည်းပြဖြစ်လာရန်နှောင့်နှေးလျှက်ရှိ

မေ ၂၆၊ မန်ချက်စတာ။                  ။ မော်ရင်ဟို၏ ပုံရိပ်မူပိုင်ခွင့်ကိစ္စဆွေးနွေးနေရခြင်းကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာရန် နှောင့်နှေးကြန့်ကြာလျှက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် မော်ရင်ဟို၏အမည်ကို အမှတ်တံဆိပ်တစ်ခုအဖြစ်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ပြီး ယူနိုက်တက် အနေဖြင့်စာချုပ်ကိစ္စအပြီးသတ်နိုင်ရန် ဂဏန်းခြောက်လုံးခန့်ထိ ကုန်ကျရဖွယ်ရှိသည်။

သို့သော်လည်း ယင်းကိစ္စမှာ ယူနိုက်တက်နည်းပြဖြစ်လာရန် အတားဆီးတစ်ခုဖြစ်နိုင်မည် မဟုတ်ပေ။

အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နှင့် မန်ယူအသင်းတာဝန်ရှိသူများအပြန်အလှန်ဆွေးနွေးနေပြီး မော်ရင်ဟိုသည် ရာထူးမှထုတ်ခံရသည့် ဗန်ဟားလ်၏နေရာကို အစားထားတာဝန်ယူရမည်ဖြစ်သည်။

မော်ရင်ဟိုကိုနည်းပြခန့်ရန်ကိစ္စမှာ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာခဲ့ပြီး အေးဂျင့်ဂျော့မန်ဒက်စ်နှင့် ယူနိုက်တက်တာဝန်ရှိသူများအကြား ဆွေးနွေးမှု သုံးရက်မြောက်နေ့သို့ရောက်နေပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် မော်ရင်ဟို၏အမည်ကို ကုန်ပစ္စည်းအမှတ်တံဆိပ်များတွင် သုံးစွဲရန် ၂၀၀၅ ခုနှစ်ကတည်းက မှတ်ပုံတင်ထားခဲ့ခြင်း ဖြစ်ပြီး ၂၀၂၅ ထိသက်တမ်းရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly