နည်းပြဘင်နီတက်ဇ်နှင့် နယူးကာဆယ်အသင်းတို့ သုံးနှစ်စာချုပ် ချုပ်ဆို

နည်းပြဘင်နီတက်ဇ်နှင့် နယူးကာဆယ်အသင်းတို့ သုံးနှစ်စာချုပ် ချုပ်ဆို

မေ ၂၆၊ အင်္ဂလန် ။             ။ စပိန်လူမျိုးနည်းပြ ရာဖေးလ်ဘင်နီတက်ဇ်အနေဖြင့် အသင်း၏နည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း နယူးကာဆယ်အသင်းက အတည်ပြုကြေညာခဲ့သည်။

နယူးကာဆယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရသော်လည်း ဘင်နီတက်ဇ်က ဆက်လက်နည်းပြရန် ဆုံးဖြတ်ခဲ့ပြီး သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။

ဘင်နီတက်ဇ်က နယူးကာဆယ်အသင်းသည် ဆုဖလားများကိုပင် စိန်ခေါ်နိုင်စွမ်းရှိသည့်အတွက် ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ 'ကျွန်တော်ဒီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ရာသီမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်မယ်လို့ ယုံကြည်လို့ပါ။ ကာလရှည်စာချုပ် ချုပ်ခဲ့တာကတော့ နယူးကာဆယ်အသင်းဟာ ဆုဖလားတွေကိုတောင် စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းဖြစ်လို့ပါ' ဟု ဘင်နီတက်ဇ်က ပြောဆိုခဲ့သည်။

ထို့အပြင် ဘင်နီတက်ဇ်ကအနာဂတ်အစီအစဉ်အတွက် အသင်းမှ အလိုရှိသည့် မည်သည့်ကစားသမားကိုမှ ရောင်းချမည်မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly