ရန်ကုန်တိုင်း၌ ရက်နှစ်ဆယ်အတွင်း ရာဇဝတ်မှုပေါင်း ၉၀၀ ကျော်ဖမ်းဆီး

ရန်ကုန်တိုင်း၌ ရက်နှစ်ဆယ်အတွင်း ရာဇဝတ်မှုပေါင်း ၉၀၀ ကျော်ဖမ်းဆီး
ဓာတ်ပုံ-မဇ္ဈိမ

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး စွမ်းဆောင်မှု ရက် ၁၀၀ စီမံကိန်းအတွင်း ရန်ကုန်တိုင်း၌ ရာဇဝတ်မှုပေါင်း ၉၀၀ ကျော်ကို ရန်ကုန်တိုင်းရဲဌာနအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းတွင် မေ ၂၂ ရက်က ဖော်ပြသည်။

ဖမ်းဆီးရမိမှုပေါင်းတွင် မူးယစ်ဆေးဝါးမှု ၁၇၁ မှု၊ လောင်းကစားမှု ၉၆ မှုနှင့် အရက်သေစာနှင့်သက်ဆိုင်သည့် အမှုပေါင်း ၁၈၉ မှုတို့ဖြစ်ကြသည်။

မေ ၁ ရက်က စတင်ဆောင်ရွက်လျက်ရှိသည့် ရက် ၁၀၀ စီမံကိန်းတွင် ရဲအင်အားစုစုပေါင်း ၅၇၈၀ တွင် ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အင်အားတိုးမြှင့်သုံးစွဲထားကြောင်း ရဲမှူးချုပ်ဦးဝင်းနိုင်က ပြောသည်။

ရာဇဝတ်ဂိုဏ်းများက ဥပဒေကိုစိုးမိုးရေးကို ခြိမ်းခြောက်နေခြင်းကြောင့် ရဲဌာနအတွက် ခေတ်မီကိရိယာများ တပ်ဆင်ပေးသွားမည်ဟုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကတိပြုထားသည်။

တစ်ချိန်တည်းတွင် မန္တလေးတိုင်းအာဏာပိုင်များကလည်း အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းအရ မန္တလေးနှင့် ပြင်ဦးလွင်အပါအဝင် တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးမှုများနှင့်   လောင်းကစားမှုများကို ဖြိုခွင်းနှိမ်နှင်းရန် အမိန့်ထုတ်ထားသည်။

မူးယစ်ဆေးဝါးအရောင်းအဝယ်များနှင့် လောင်းကစားမှုများကို နေ့စဉ် ဖမ်းဆီးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းရဲဌာနအကြီးအကဲ ဦဟန်ထွန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ရာဇဝတ်မှုများ ဖြိုခွင်းခြင်းကို သြဂုတ် ၈ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

Ref: ဆင်ဟွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly