သီရိလင်္ကာမြေပြိုမှု​ သေဆုံးသူထပ်တိုးကာ တစ်ရာနီးပါရှိလာ

သီရိလင်္ကာမြေပြိုမှု​ သေဆုံးသူထပ်တိုးကာ တစ်ရာနီးပါရှိလာ

ကိုလံဘို၊ မေ ၂၃ ။           ။ သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်ခြင်းကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများတွင် သေဆုံးသူပေါင်းသည် ၉၂ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်တွင် အဆိုးဆုံးကြုံတွေ့ရာ ကီဂယ်လီခရိုင်တွင် အနည်းဆုံးရုပ်အလောင်းခုနစ်လောင်းအား ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည့် စစ်သားများ ဖော်ထုတ်တွေ့ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်က နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးမိုးကြီးမှုအဖြစ် သီရိလင်္ကာနိုင်ငံက ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတစ်ချို့အပိုင်းများတွင် လက်ရှိ၌ မိုးစဲသွားပြီဖြစ်ကာ မြို့တော်ကိုလံဘိုအတွင်း ရေကြီးမှုများလည်း လျော့ပါးစပြုလာပြီဖြစ်သည်။

ပျောက်ဆုံးနေသူပေါင်းက ၁၀၉ ဦးရှိကာ ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သဘာဝဘေးစီမံရေးရုံးက ထုတ်ပြန်သည်။

အိမ်များ ပျက်စီးဆုံးရှုံးခြင်းကြောင့် ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ဒုက္ခသည်ပေါင်းမှာ ၁၈၅၀၀၀ ကျော်ထက်မနည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly