ရန်ကုန်၊ မေ ၂၀ ။ ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ရွန်နူ” (ROANU)ကြောင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားရကြောင်း မိုးဇလ ဝန်ကြီးဌာနက မေ ၂၀ရက်က ထုတ်ပြန်ထားသည်။ ထိုသို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့်နေရာများအတွက် အစိုးရ၏ ပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေးမှု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ မုန်တိုင်းအရောင် အဆင့်သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေသိအောင် ရှင်းပြပေးပါလား။
ဖြေ ။ ။ မုန်တိုင်းက ဘင်္ဂလား ပင်လယ်အော်ထဲမှာပဲ ရှိနေသေးတယ်ဆိုရင် အဝါရောင်အဆင့်၊ ကျွန်တော်တို့နိုင်ငံကို ဦးတည်လာရင် လိမ္မော်ရောင်အဆင့်၊ မုန်တိုင်းကမြန်မာပြည်ကို ဝင်ဖို (၁၂)နာရီ အလိုဆိုရင် အနီရောင်အဆင့်၊ မုန်တိုင်းက ကမ်းခြေကို ဖြတ်လာရင်တော့ အညိုရောင်အဆင့်၊ မုန်တိုင်းပြီး အားလုံးပုံမှန်ရာသီဆို အစိမ်းရောင်အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။
မေး။ ။ အခုညနေ့ပိုင်း မုန်တိုင်းအခြေနေ အရ ဘယ်လိုရှိသလဲ။
ဖြေ ။ ။ မုန်တိုင်းရွှေ့လျားမှုက မြန်လာတယ်။ မနက်ကတိုင်းတွာချက်အရ ၁နာရီကို ၉မိုင်နှုန်း။ အခုလက်ရှိ ညနေပိုင်းမှာ ၁နာရီကို ၁၄ မိုင်နှုန်းနဲ့ ရွှေ့လျားလာတယ်။ အရေးကြီးတယ်။
မေး။ ။ အခုချိန် ဘယ်ဒေသတွေကို ဦးတည်ရွေ့နေသလဲ။
ဖြေ ။ ။ မုန်တိုင်းသွားတဲ့ လမ်းကြောင်းအရ ချင်းပြည်နယ်။ ရခိုင်ပြည်နယ်တို့ကို ဝင်နိုင်တယ်။ လေတိုက်နှုန်း ၅၀ကနေ ၆၀လောက်ဖြစ်နိုင်တယ်။ အဲဒီနေရာတွေကို သတိထားဖို့ မြေပြင်လှုပ်ရှားတဲ့ သက်ဆိုင်ရာအဖွဲ့တွေကို ကျွန်တော်တို့က သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးနေပါတယ်။ မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်နိုင်တဲ့ အခြေနေမှာ ကမ်းရိုးတန်း ဒေသတွေမှာ ရေတက်နှုန်းက မောင်တောင်ခရိုင်၊ စစ်တွေ ပင်လယ်ရေပြင် ၈ပေ မှ ၁၀ပေအထိမြင့်တက်နိုင်တယ်။
မေး။ ။ အခုလက်တလော မုန်တိုင်းခန့်မှန်ချက်ကို အခြေနေပြောပေးပါလား။
ဖြေ ။ ။ ညနေပိုင်ရွှေ့လျားမှုအနေထားအရ အိန္ဒိယ အရှေ့ဘက်ကမ်းခြေကို ကပ်ပြီး ရွှေ့နေတယ်လို့ ခန့်မှန်ထားတယ်။ ဘင်္ဂလာဒေ့် နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်ထားတယ်။
မေး။ ။ မုန်တိုင်းကျရောက်နိုင်တဲ့ ဒေသတွေအတွက် သတင်းရရှိနိုင်မှု နဲ့ အခြားပြင်ဆင်မှုတွေ မိုးဇလ အနေနဲ့ ဘာလို့ဆောင်ရွက်နေပါသလဲ။
ဖြေ ။ ။ မုန်တိုင်း ကျရာက်နေသည့် နေရာကို သဘာဝဘေးအန္တရာယ် ပြင်ဆင်ရေး ကော်မတီ၊ ကယ်ဆယ်ရေး၊ အုပ်ချုပ်ရေးပိုင်တွေ အနေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားတယ်။ နောက် အစိုးရဖွဲ့ ရုံးတွေကို သဘာဝဘေး သတင်းပေးပို့ထားမှုတွေလုပ်ထားတယ်။
မေး ။ ။ နောက်ရက်တွေ အတွက်ခန့်မှန်ချက်လေး ပြောပေးပါလား။
မေလ(၂၁)ရက်နဲ့ ၂၂ရက်အထိကို အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို Khepupara နဲ့ Cox’s Bazar မြို့တို့အကြား စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ခန့်မှန်းရပါတယ်။