အွန်လိုင်းမှစျေးဝယ်မှု ရာခိုင်နှုန်း ထိပ်ဆုံး၌ ရန်ကုန် ရပ်တည်နေ

အွန်လိုင်းမှစျေးဝယ်မှု ရာခိုင်နှုန်း ထိပ်ဆုံး၌ ရန်ကုန် ရပ်တည်နေ

မေ ၊ ၂၀ ရန်ကုန် ။              ။ အွန်လိုင်းဈေးဝယ်ယူသောမြို့ဖြစ်သော မန္တလေးနှင့် နေပြည်တော်မြို့၊ ရန်ကုန်မြို့ကြီးသုံးကြီး သုံးမြို့တွင် ဧပြီလ အတွင်း ကောက်ထားသည့် စစ်တမ်းအရ ရန်ကုန်မြို့မှာ ရာခိုင်နှုန်းထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။

အွန်လိုင်းအရောင်းအဝယ်ဌာနတစ်ခုဖြစ်သည့် Kaymu.com.mm၏ စစ်တမ်းအရ အွန်လိုင်းကနေ ဈေးဝယ်သူ ၈၀ ရာခိုင်နှုန်းဟာ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် သုံးမြို့က ဖြစ်ပြီး   ကျေးလက်ဒေသတွေကလည်း အမှာစာ ရရှိမှု ရှိကြောင်း ဖော်ပြထားသည်။

"ကျေးလက်ဒေသတွေက အမှာစာတွေလည်း ရရှိခဲ့ပြီး ဈေးကွက်ပိုမို ကျယ်ပြန်လာမယ်လို့ မျှော်မှန်းထားပါတယ်" ဟု Kaymu.com.mm ၏ Business Development Executive Mr. Alexander Wiederin ကပြောသည်။

အင်တာနက်ပြန့်နှံမှု အားကောင်းမှုကြောင့် ဝေးလံသည့်ကျေးလက်ဒေသများမှလည်း အွန်လိုင်းမှ ပစ္စည်းများကို ပိုမိုမှာယူလာတာကြောင်းသိရသည်။

"အလွန်ဝေးလန်ခေါင်ဖျားလှတဲ့နေရာတွေကို ကျွန်မတို့အနေနဲ့ ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲကြောင့် ပို့ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ ကျွန်တော်မတို့အနေနဲ့ မှာယူတဲ့ ပစ္စည်းကို အလတ်အလတ်လောက်ရှိတဲ့ မြို့နယ်တွေလောက်ကိုပဲ ဝယ်သူလက်ဝယ် အရောက် ပို့ဆောင်ပေးနိုင်သေးပါတယ်။ ဝယ်တဲ့သူက နီးစပ်ရာမြို့နယ်ကို လာယူနိုင်မယ်ဆိုရင်တော့ ပို့ဆောင်ပေးနိုင်ပါတယ်" ဟု kaymu.com.mm ၏ သယ်ယူပို့ဆောင်ရေးအရာရှိ မဟန်နီထက်ထက်က ပြောသည်။

ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet က နိုင်ငံပေါင်း ၃၀ ကျော်တွင် Online Marketplace လုပ်ငန်းများ လည်ပတ်လုပ် ကိုင်လျက်ရှိပြီး  မြန်မာနိုင်ငံတွင် kaymu.com.mm အမည်ဖြင့် ၂၀၁၄ ခုနှစ်တွင် အွန်လိုင်း ဈေးရောင်းဈေးဝယ် ဝက်ဆိုဒ်ကို စတင်ဖွင့်လှစ်ပြီး လက်ရှိအချိန်တွင် kaymu.com.mm နှင့်ဆိုင်ပေါင်း ၂၀၀၀ ကျော်နဲ့ချိတ်ဆက်ကို ဆောင်ရွက်နေသည်။  

Kaymu.com.mm အနေဖြင့် မြို့နယ်ပေါင်း ၅၈ မြို့နယ်သို့ ကုန်စည်အမြန်ပို့စနစ်များဖြင့် ဝယ်ယူသူ လက်ဝယ်အရောက်ပို့စနစ်ဖြင့် ပေးပို့လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly