အောင်ပွဲခံခရီးစဉ်အတွက် လက်စတာအသင်း ဘန်ကောက်သို့ ရောက်ရှိ

အောင်ပွဲခံခရီးစဉ်အတွက် လက်စတာအသင်း ဘန်ကောက်သို့ ရောက်ရှိ

မေ ၁၈၊ ဘန်ကောက်။             ။ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံသစ် လက်စတာအသင်းသည် အောင်ပွဲခံခရီးစဉ်အတွက် ဘန်ကောက်မြို့သို့ရောက်ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တန်းဆင်းရလုနီးပါးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဗိုလ်စွဲသည်အထိခြေစွမ်းပြခဲ့သည့် လက်စတာအသင်းကို ထိုင်းလူမျိုးဘီလျံနာ ဗီချိုင်းက ပိုင်ဆိုင်သည်။

ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် ကစားသမားများနှင့် အသင်းတာဝန်ရှိသူများကို ပရိသတ်များက ဘန်ကောက်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လာရောက်ကြိုဆိုခဲ့ကြသည်။

လက်စတာအသင်းသည် ပြီးခဲ့သည့် တနင်္လာနေ့ကလည်း လက်စတာမြို့တွင် အောင်ပွဲခံလှည့်လည်ခဲ့သေးသည်။ အာဆင်နယ်အသင်းကို ၁၀ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့သော လက်စတာအသင်းသည် လာမည့်နှစ်တွင် ဥရောပအကောင်းဆုံးအသင်းများနှင့်အတူ ချန်ပီယံလိဂ်ကစားရဦးမည် ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly