အာဆင်နယ်မှ ဝီလ်ရှီးယားနှင့်ဆန်းချက်ဇ်ကို ဂွာဒီယိုလာခေါ်ယူလို

အာဆင်နယ်မှ ဝီလ်ရှီးယားနှင့်ဆန်းချက်ဇ်ကို ဂွာဒီယိုလာခေါ်ယူလို

မေ ၁၅၊ မန်ချက်စတာ။             ။ မန်စီးတီးနည်းပြသစ်ဖြစ်လာတော့မည့် ဂွာဒီယိုလာသည် အာဆင်နယ်မှ ဝီလ်ရှီးယားနှင့် ဆန်းချက်ဇ်ကို ခေါ်ယူရန် စီစဉ်နေသည်။

ဂွာဒီယိုလာသည် မန်စီးတီးအသင်း၏ကွင်းလယ်ကို အာဆင်နယ်ကွင်းလယ်ဖန်တီးရှင် ဝီလ်ရှီးယား၊ ဆန်းချက်ဇ်တို့နှင့်ဝန်းရံကာ တည်ဆောက် ချင်နေခြင်းဖြစ်သည်။

စီးတီးအသင်းအနေဖြင့် ယူအီးအက်ဖ်အေ၏ ပြည်တွင်းနှင့်ငယ်မွေးခြံပေါက်ကစားသမားနေရာသတ်မှတ်ချက်စည်းမျဉ်းနှင့် ကိုက်ညီစေရန် အတွက်လည်း စပါးဘယ်နောက်ခံလူ ဒန်နီရို့စ်ကို အလိုရှိနေသည်။

ရာသီကုန်ခါနီးတွင်မှ ဒဏ်ရာကပြန်ကောင်းလာပြီး ပွဲကစားနိုင်ခဲ့သည့် ဝီလ်ရှီးယားသည် တနင်္လာနေ့တွင်ကြေညာမည့် ရွိုင်းဟော့ဒ်ဆန်၏ ယူရိုပြိုင်ပွဲဝင်အင်္ဂလန်အသင်းလူစာရင်း၌ ပါဝင်နိုင်မည်ဟု မျှော်လင့်နေသည်။

အာဆင်နယ်နှင့်စာချုပ်သက်တမ်းနှစ်နှစ်ကျန်နေသေးပြီး တစ်ပတ်ပေါင် ၁၁၀, ၀၀၀ ဖြင့်စာချုပ်သစ်ချုပ်ရန် ကြန့်ကြာနေခြင်းက ဝီလ်ရှီးယားနှင့်ဆွေးနွေးရန် မန်စီးတီးကို တွန်းအားပေးသည့်အချက်ဖြစ်နေသည်။ ပေါင်သန်း ၄၀ ဖြင့်ကမ်းလှမ်းလျှင်ရမည်ဟု မျှော်လင့်နေသည်။

အသက် ၂၇ နှစ်အရွယ်ဆန်းချက်ဇ်သည်လည်း အာဆင်နယ်နှင့်တစ်ပတ်ပေါင် ၁၆၀, ၀၀၀ တန်စာချုပ်သစ်ချုပ်ရန် တွန့်ဆုတ်နေခြင်းကြောင့် အသင်းနှင့်အနာဂါတ်မှာ အလုံးစုံသံသယရှိစရာဖြစ်နေပြီး စပိန်သတင်းစာများက ၎င်းအနေဖြင့်မန်စီးတီးသို့ပြောင်းဖွယ်ရှိသည်ဟု ဖော်ပြနေ သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly