ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ရန် မန်ယူအသင်းကမ်းလှမ်းခံရ

ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ရန် မန်ယူအသင်းကမ်းလှမ်းခံရ

မေ ၁၅၊ မန်ချက်စတာ။          ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူရန် ကမ်းလှမ်းခံခဲ့ရသည်ဟု   ဒေးလီးစတားသတင်းစာက   ဖော်ပြလိုက်သည်။

သို့သော် ယူနိုက်တက်အနေဖြင့် ကိုလံဘီယာကွင်းလယ်လူကိုလိုချင်ပါက ယူနိုက်တက်အနေဖြင့် ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ကို ထပ်မံချိုးဖျက်ရဖွယ်ရှိနေသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသက် ၂၄ နှစ်အရွယ် ရိုဒရီဂွက်ဇ်ကို လွန်ခဲ့သည့်နှစ်နှစ်က မိုနာကိုအသင်းထံမှခေါ်ယူစဉ်ကထက် ပေါင် ၃ သန်းပိုပြီး ပေါင်သန်း ၆၀ ဈေးနှုန်းသတ်မှတ်ထားသည်။

ကမ်းလှမ်းမှုကို ရီးယဲလ်မက်ဒရစ်အသင်းကိုယ်စား ရိုဒရီဂွက်ဇ်၏အေးဂျင့် ဂျော့ချ်မန်ဒက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ယူနိုက်တက် သည် မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်နှင့် ဂျူဗင်တပ်တို့ကလိုချင်နေသည့် ယင်းကစားသမားကို စောင့်ကြည့်နေသည်။

ရိုဒရီဂွက်ဇ်သည် လွန်ခဲ့သည့်နှစ်နှစ်က ကမ္ဘာ့ဖလားတွင်ခြေစွမ်းပြပြီးနောက် ရီးယဲလ်မက်ဒရစ်သို့ပြောင်းခဲ့သော်လည်း ပုံမှန်ပွဲထွက်ခွင့်ပျောက် နေသည်။

လက်ရှိဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးမှာ လွန်ခဲ့သည့်နှစ်နှစ်က မန်ယူအသင်း ရီးယဲလ်တောင်ပံကစားသမား ဒီမာရီယာကိုခေါ်ယူသည့် ပေါင် ၅၉ ဒသမ ၇ သန်းဖြစ်ပြီး ဒီမာရီယာသည်လက်ရှိတွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီ၌ ကစားနေသည်။

Ref; Daily Star

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly