စင်ကာပူတွင် ပထမဆုံးဇီကာပိုးတွေ့ရှိ

စင်ကာပူတွင် ပထမဆုံးဇီကာပိုးတွေ့ရှိ

စင်ကာပူ၊ မေ ၁၄ ။        ။ စင်ကာပူနိုင်ငံတွင် ဘရာဇီးနိုင်ငံသို့ ခရီးသွားခဲ့သူတစ်ဦးတွင် ဇီကာပိုးဖြစ်ပွားသည်ကို ပထမဆုံးတွေ့ရှိသည်။

မတ် ၂၇ ရက်နှင့် မေ ၇ ရက်နေ့အထိ ဘရာဇီးသို့ သွားရောက်လည်ပတ်ခဲ့သည့် အသက် ၄၈ နှစ်ရှိ စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရသူ နိုင်ငံခြားသားအမျိုးသားတစ်ဦးတွင် ဇီကာဖြစ်ပွားသည်ကို တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

 ၎င်းသည် အဖျားတက်လာ၍ ဆေးရုံသို့ ရောက်ရှိခြင်းဖြစ်ပြီး သီးခြားခွဲထားကြောင်း အမျိုးသားသဘာဝပတ်ဝန်းကျင်အေဂျင်စီနှင့် ပူးတွဲထုတ်ပြန်သည့် ကျန်းမာရေးဝန်ကြီးဌာနက   ကြေညာချက်တွ်င ဖော်ပြသည်။

 ဘရာဇီးနိုင်ငံသည် ဇီကာပိုးကူးစက်ပျံ့ပွားစေသည့် ခြင်များ ပေါက်ဖွားရှင်သန်ပေါများသည့် နိုင်ငံဖြစ်သည်။ ဇီကာပိုးသည် ဖြစ်ပွားသည့် အမျိုးသမီးများတွင် ပုံမှန်မဟုတ်သည့် ကလေးငယ်များ မွေးဖွားစေသည့် ရောဂါဖြစ်သည်။

 “မေ ၁၃ ရက် ဒီလူနာဆီမှာ ဇီကာပိုးကူးစက်ခံနေရတာ စတွေ့တာပါ။”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းအား အစိုးရဆေးရုံ ရောဂါထိန်းချုပ်ရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ပေးထားသည်။

 ၎င်း၏ အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်မရှိဘဲ ကောင်းမွန်ကြောင်း၊ ရောဂါပိုး အရှင်းမတွေ့မှ ၎င်းအား ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly