အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ် ယူရိုပြိုင်ပွဲကို လွဲချော်ပြီ

အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ဘတ် ယူရိုပြိုင်ပွဲကို လွဲချော်ပြီ

မေ ၁၂၊ အင်္ဂလန် ။          ။ မန်စီးတီးနှင့် ၂-၂ ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်သည် ဒူးဒဏ်ရာ ရရှိခဲ့သောကြောင့် ယူရို ၂၀၁၆ ပြိုင်ပွဲကို လွဲချော်ရန် သေချာသွားပြီ ဖြစ်သည်။

ဝဲလ်ဘတ်၏ ဒူးဒဏ်ရာမှာ အရိုးနု ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သောကြောင့် ကိုးလခန့် အနားယူရမည် ဖြစ်သည်။ ထို့ကြောင့် ဝဲလ်ဘတ်သည် ယူရိုပြိုင်ပွဲကို လွဲချော်မည့်အပြင် ရာသီသစ်တွင်လည်း ရာသီဝက်ခန့် အနားယူရဦးမည် ဖြစ်သည်။

ဝဲလ်ဘတ်က ကြံ့ခိုင်မှုအပြည့်၊ အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု ပရိသတ်များကို ပြောခဲ့သည်။ ဝဲလ်ဘတ်သည် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်များတွင် ငါးပွဲပါဝင်ကစားခဲ့ပြီး ခြောက်ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ပြီး အင်္ဂလန်၏ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်သည်။

အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်မှာ ဝဲလ်ဘတ်အပြင် အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကိုလည်း ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ချိန်ဘာလိန်မှာလည်း ပြီးခဲ့သည့်အပတ်က ဒူးဒဏ်ရာရရှိပြီး ယူရိုပြိုင်ပွဲလွဲရန် သေချာသွားခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly