လက်စတာစီးတီး ပရိသတ်များပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မာရက်ဇ် ရရှိ

လက်စတာစီးတီး ပရိသတ်များပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မာရက်ဇ် ရရှိ

မေ ၁၁၊ လက်စတာ ။                ။ လက်စတာစီးတီးအသင်း၏ ပရိသတ်များက ရွေးချယ်ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်က ရရှိခဲ့သည်။

မာရက်ဇ်သည် လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာစေရန် အဓိက ခြေစွမ်းပြခဲ့သူ တစ်ဦးဖြစ်ပြီး ၁၇ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်သည်။ တစ်ရာသီလုံး   ခြေစွမ်းပြနိုင်မှုကြောင့်  ပီအက်ဖ်အေ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။

'ပရိသတ်တွေက ပေးတဲ့ဆုကို ရရှိခဲ့တဲ့ ခံစားချက်က တကယ်ကို မိုက်ပါတယ်။ သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လက်စတာ ပရိသတ်အားလုံးကို ချစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို အကောင်းဆုံးထောက်ခံအားပေးခဲ့ကြတာပါ။ မယုံကြည်နိုင်စရာကောင်းတဲ့ စွမ်းဆောင်မှုမျိုး ကျွန်တော်တို့ လုပ်ခဲ့ကြတာပါ။ တကယ်ကို ပျော်ပါတယ်' ဟု မာရက်ဇ်က ပြောဆိုခဲ့သည်။

အသင်းအတွက် ၂၄ ဂိုးအထိသွင်းယူထားသည့် တိုက်စစ်မှူး ဂျေမီဗာဒီမှာ လီဗာပူးလ်အသင်းဘက်ကို သွင်းယူခဲ့သောဂိုးဖြင့် တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့သည်။

ကွင်းလယ်မှ ခြေစွမ်းပြခဲ့သည့် ကန်တီမှာမူ ကစားသမားများက ရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly