ပွဲထွက်ကစားခွင့်မက်လုံးဖြင့် ဝဲလ်ကော့တ်ကို ဝက်စ်ဟမ်းကမ်းလှမ်းမည်

ပွဲထွက်ကစားခွင့်မက်လုံးဖြင့် ဝဲလ်ကော့တ်ကို ဝက်စ်ဟမ်းကမ်းလှမ်းမည်

မေ ၁၀၊ လန်ဒန်။             ။ ဝက်စ်ဟမ်းအသင်းသည် အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ကော့တ်ကို ပုံမှန်ပွဲထွက် ကစားခွင့်မက်လုံးဖြင့် ကမ်းလှမ်းသွားမည်ဖြစ်သည်။

ဝက်စ်ဟမ်းအသင်းသည် လာမည့်ရာသီတွင်တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုလျှက်ရှိရာ ဝဲလ်ကော့တ်သည် ဘတ်ချွေလင်၊ ဘန်တီကီတို့ နှင့်အတူ ဝက်စ်ဟမ်းကအလိုရှိနေသည့် ကစားသမားစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

နည်းပြဘီလစ်သည်လည်း ဝဲလ်ကော့တ်ကိုစိတ်ဝင်စားနေပြီး နွေရာသီအပြောင်းအရွှေ့အတွင်း ငွေကြေးအမြောက်အမြားဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်။

စိတ်ပျက်ဖွယ်ရာ ဘောလုံးရာသီတစ်ခုကိုဖြတ်သန်းခဲ့ရပြီးနောက် ကြာသပတေးနေ့တွင်ကြေညာမည့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်း တွင်လည်း ပါဝင်ခြင်းမရှိပါက နွေရာသီအတွင်း အပြောင်းအရွှေ့ကိစ္စမှာ ဝဲလ်ကော့တ်၏ ဆုံးဖြတ်ချက်ပေါ်မူတည်နေသည်။

အသက် ၂၇ နှစ်အရွယ်ကစားသမားသည် လက်ရှိဘောလုံးရာသီတွင်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပြီး ဝက်စ်ဟမ်းနည်းပြဘီလစ်ကမူ လာမည့်ရာသီ အသင်းကိုအောင်မြင်မှုရအောင်ကြိုးစားရာ၌ ဝဲလ်ကော့တ်ကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုမည်ဆိုသည့် အာမခံချက်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသည်။

သတင်းရင်းမြစ်များ၏အဆိုအရ ဝက်စ်ဟမ်းအသင်းက ကမ်းလှမ်းမှုပြုလုပ်ရခြင်းမရှိသေးသော်လည်း အာဆင်နယ်အသင်းကမူ ကမ်းလှမ်းမှုကို လိုလားနေသည်ဟု ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly