မန်စီးတီးအသင်းအဆင့် ၄ အတွင်းမဝင်လျှင် ကစားသမားများတွင်သာအပြစ်ရှိဟု ဆက်ဂ်နာဆို

မန်စီးတီးအသင်းအဆင့် ၄ အတွင်းမဝင်လျှင် ကစားသမားများတွင်သာအပြစ်ရှိဟု ဆက်ဂ်နာဆို

မေ ၁၀၊ မန်ချက်စတာ။             ။ မန်စီးတီးအသင်း လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ပါက ကစားသမားများကိုသာ အပြစ်တင်ရမည်ဟု နောက်ခံလူ ဆက်ဂ်နာက ပြောသည်။

စီးတီးသည် တနင်္ဂနွေတွင်အာဆင်နယ်နှင့် နှစ်ဂိုးစီသရေကျသဖြင့် ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲတွင် နိုင်ပွဲတစ်ပွဲသာရထားခဲ့ရာ ထိပ်သီး လေးသင်းအတွင်းမှ ဆင်းပေးရနိုင်သည့် အန္တရာယ်ကြုံနေရသည်။

မန်စီးတီးအသင်းနှင့် နှစ်မှတ်သာကွာသော တစ်ပွဲလျော့မန်ချက်စတာယူနိုက်တက်အသင်းသည် လက်ကျန်နှစ်ပွဲလုံးအနိုင်ရပါက မန်စီးတီးကို ကျော်ကာ အဆင့် ၄ နေရာရမည်ဖြစ်သည်။

"အကောင်းဆုံးဖြစ်ဖို့ဆိုတာ ကျွန်တော်တို့လက်ထဲမှာပဲ မူတည်နေပါတယ်။ အာဆင်နယ်နဲ့တုန်းကလိုကစားရင် ကျွန်တော်တို့အကောင်းဆုံး အသင်းဖြစ်နိုင်ပေမယ့် တစ်ရာသီလုံးဒီလိုကစားဖု့ိတော့လိုပါတယ်။

လက်ရှိဖြစ်နေတာနဲ့ ကျွန်တော်တို့ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးမဖြစ်ခဲ့ဘူး။ ဒီထက်ပိုကောင်းခဲ့သင့်တာ။ ဒါပေမဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တော့ ကျွန်တော်တို့ထိုက်တန်ပါတယ်"ဟု ဆက်ဂ်နာက ဆိုသည်။

အင်္ဂါညတွင် အပ်တန်ပါ့ခ်၌ ဝက်စ်ဟမ်းနှင့်ကစားမည့်ပွဲတွင် ယူနိုက်တက်အသင်းအနိုင်ရပါက စီးတီးအသင်းသည် ဆွမ်ဆီးနှင့်ရာသီသိမ်းပွဲစဉ် မတိုင်မီမှာပင် အဆင့် ၅ နေရာရောက်သွားမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly