အိုင်အက်စ်သြဇာခံအဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

အိုင်အက်စ်သြဇာခံအဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်

အီဂျစ်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်မှ အစ္စရေးဖက်သို့ ဒုံးကျည် သုံးစင် ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အိုင်အက်စ်သြဇာခံ အဖွဲ့တစ်ဖွဲ့ ကပြောသည်။

ဆိုင်းနိုင်းပြည်နယ်ဟု ၎င်းတို့ဘာသာ အမည်ပေးထားသည့် ယင်းအိုင်အက်စ်သြဇာခံအဖွဲ့က အစ္စရေးတို့က အီဂျစ်စစ်တပ် ကို ထောက်ပံ့မှုများ ပေးနေခြင်းအတွက် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောသည်။

နိုင်ငံတောင်ပိုင်းတွင် ဒုံးကျည်နှစ်စင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း အစ္စရေးဖက်ကပြောပြီး သေကျေပျက်စီးမှု မရှိဟု ဆိုသည်။

ဆိုင်းနိုင်းတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့မှစကာ တိုက်ပွဲများကြောင့် အီဂျစ်စစ်သား အနည်းဆုံး ၁၇ ဦးနှင့် အိုင်အက်စ်စစ်သွေးကြွ ၁၀၀ သေဆုံးခဲ့သည်။

ရှီအိခ်ဇူဝီ မြို့ကို အိုင်အက်စ်တို့ ကျုးကျောက်တိုက်ခိုက်ခြင်းကြောင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံသည် ဆိုင်းနိုင်းကျွန်းဆွယ်နှင့် နယ်စပ် မိုင် ၁၅၀ ထိစပ်လျက်ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly