ကိုင်ရိုမြို့လယ်က ဟိုတယ်တွင် မီးလောင်၊ ရ၄ ဦး ထိခိုက်ဒဏ်ရာရ

ကိုင်ရိုမြို့လယ်က ဟိုတယ်တွင် မီးလောင်၊ ရ၄ ဦး ထိခိုက်ဒဏ်ရာရ

ကိုင်ရို၊ မေ ၉ ။                ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်ရှိ လူစည်ကားရာရှိ ဟိုတယ်တစ်လုံးတွင် မီးလောင်ပြီး အနီးအဆောက်အအုံများပါ ကူးစက်၍ ကြီးကြီးမားမားလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူပေါင်း ၇၄ ဦး ရှိခဲ့ကြောင်း အီဂျစ်အရေးပေါ်ဌာနက ပြောသည်။

သေဆုံးသူသတင်းမရှိသေးဘဲ ထိခိုက်မှုဖြစ်သူ အများစုမှာ အသက်ရှုခက်ခဲသည့် ဝေဒနာများ ခံစားရခြင်းဖြစ်ကြောင်း အရေးပေါ်အာဏာပိုင်အဖွဲ့က ပြောသည်။ ထိခိုက်မှုဖြစ်သူ တစ်ဝက်ခန့်ကို နေရာတွင်ပင် ကုသပေးခဲ့ရပြီး ကျန်သူများကိုမူ ဆေးရုံတင်ပို့ခဲ့ရသည်။

ခြောက်နာရီကြာလောင်ကျွမ်းခဲ့သည့် ယင်းမီး လောင်ကျွမ်းရသည့် အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးလျက်ရှိသည်။

မီးက ခြောက်ထပ်ဟိုတယ်တွင် ညလယ်ပိုင်းက စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ မီးတောက်က အနီးရှိ အဆောက်အအုံသုံးခုကို အလျင်အမြန် ကူးစက်သွားခဲ့ခြင်းဖြစ်သည်။

ဟိုတယ်ရှိ ဧည့်သည်များအား ပြောင်းရွှေ့နေရာချထားခဲ့ရသည်။

"ဒီနေရာဝန်းကျင်တစ်ခုလုံးကို မီးလောင်ကျွမ်းတော့တာပါပဲ။ မီးက တော်တော်ကြီးပြီး ကြောက်စရာကောင်းပါတယ်။"ဟု အနီးဝန်းကျင်က ဈေးသည်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly