ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှုတတိယအများဆုံးကစားသမား ရွန်နီဖြစ်လာ

ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှုတတိယအများဆုံးကစားသမား ရွန်နီဖြစ်လာ

မေ ၉၊ မန်ချက်စတာ ။               ။ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်တိုက်စစ်မှူး ဝိန်းရွန်နီအနေဖြင့် နေရာစုံကစားနိုင်စွမ်းရှိကြောင်း သက်သေအနေဖြင့် ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးမှုတတိယအများဆုံး ကစားသမားအဖြစ် စွမ်းဆောင်ပြထားသည်။

ရွန်နီသည် နောရစ်ချ်ကိုအနိုင်ရသည့်ပွဲမတိုင်မီ ကွင်းလယ်ကစားသမားအဖြစ်သာသတ်မှတ်ခံထားရသော်လည်း ပွဲမတိုင်မီသွေးပူလေ့ကျင့်ခန်း တွင် မာရှယ်ဒဏ်ရာရခဲ့၍ တိုက်စစ်မှူးအဖြစ်ပွဲ ထွက်ခဲ့ရသည်။

မာရှယ်သည်ပေါင်ဒဏ်ရာရခဲ့ခြင်းဖြစ်ရာ အင်္ဂါနေ့တွင် ဝက်စ်ဟမ်းနှင့်ကစားမည့်ပွဲ၌ ရက်ရှ်ဖို့ဒ်က အထောင်တိုက်စစ်မှူးအဖြစ်ကစားရဖွယ်ရှိ သည်။

နောရစ်ချ်နှင့်ကစားသည့်ပွဲတွင် ဗန်ဟားလ်သည် ရွန်နီကိုအထောင်တိုက်စစ်မှူးအဖြစ်ထားကစားခဲ့သော်လည်း အသင်းခေါင်းဆောင်သည် ဒုတိယပိုင်း၌ မာတာအနိုင်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့သည်။
ယင်းမှာ ၉၅ ကြိမ်မြောက်ဂိုးဖန်တီးမှုဖြစ်ပြီး ဘာကမ့်ပ် (၉၄ ကြိမ်) ကိုကျော်ကာ ဖာဘရီဂတ်စ်နှင့် အကြိမ်ရေတူသွားခဲ့သည်။

ဂိုးဖန်တီးမှုအကြိမ်အများဆုံး ပြုလုပ်ထားသူမှာ ယူနိုက်တက်တောင်ပံကစားသမားဟောင်း ဂစ်ဖြစ်ပြီး ၁၆၂ ကြိမ်ဖန်တီးထားကာ ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ်က ၁၀၂ ကြိမ်ဖန်တီးထားသည်။

အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်သည် ပြင်သစ်ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဟာရီကိန်းနှင့် ဗာဒီတို့နောက်တွင် တိုက်စစ်ကိုပံ့ပိုးသူအဖြစ် ရွန်နီကို ထားကစားမည်ဟု ယူဆရသည်။

ယင်းနေရာတွင် အသက် ၃၀ အရွယ်ရွန်နီခြေစွမ်းပြနိုင်မည်ဟု ယူနိုက်တက်အသင်းဖော်ဟာရဲရားကလည်း ယုံကြည်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly