ဒူးဒဏ်ရာသစ်ကြောင့် ဝဲလ်ဘတ်၏ယူရိုမျှော်လင့်ချက် စိုးရိမ်စရာဖြစ်လာ

ဒူးဒဏ်ရာသစ်ကြောင့် ဝဲလ်ဘတ်၏ယူရိုမျှော်လင့်ချက် စိုးရိမ်စရာဖြစ်လာ

မေ ၉၊ လန်ဒန် ။            ။ မန်စီးတီးနှင့် သရေကျသောပွဲတွင်ရရှိခဲ့သော ဒူးဒဏ်ရာသစ်ကြောင့် အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်၏ ယူရို ၂၀၁၆ ပြိုင်ပွဲကစားခွင့်ရရေး မျှော်လင့်ချက်မှာ စိုးရိမ်စရာဖြစ် လာခဲ့ရသည်။

ဘယ်ဘက်ဒူးဒဏ်ရာကြောင့် ၁၀ လခန့်အနားယူခဲ့ရပြီး ဖေဖော်ဝါရီကမှ ပြန်ကစားနိုင်ခဲ့သည့် ဝဲလ်ဘတ်သည် မန်စီးတီးကစားသမား ဆက်ဂ်နာနှင့်ထိခိုက်မိပြီး ညာဘက်ဒူးတွင် ဒဏ်ရာရသွား ခဲ့ခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ကစားသမားအနေဖြင့်ကုသမှုခံယူပြီး ပွဲကိုဆက်ကစားရန်ကြိုးစားခဲ့သေးသော်လည်း ခုနစ်မိနစ်အကြာတွင် လူစားလဲရန် အချက်ပြခဲ့ရသည်။

ကစားသမားအနေဖြင့်တနင်္လာနေ့တွင် ဆေးစစ်မှုခံယူမည်ဖြစ်ပြီး နည်းပြဝင်းဂါးကမူ ယူရို ၂၀၁၆ ပြိုင်ပွဲကိုလွဲချော်စေမည့် အရိုးနုဒဏ်ရာ ထပ်ဖြစ်မည်ကို စိုးရိမ်နေသည်။

"အရင်ဆုံးလက္ခဏာအရတော့ အရိုးနုကိုထိတဲ့ပုံစံမျိုးပဲ။ ကျွန်တော်စိုးရိမ်ပါတယ်။ ဝဲလ်ဘတ်က သန်မာတဲ့သူဖြစ်ပြီး ကွင်းထဲပြန်ဝင်နိုင်စေဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူကစားနိုင်ဖို့ကြိုးစားကြည့်ပြီးမှ မဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။

သူ့ကိုကြည့်ရတာ တော်တော်နာနေ တယ်။ သတင်းဆိုးဆို သူယူရိုပွဲလွဲမှာဖြစ်ပြီး သတင်းကောင်းဆိုရင်တော့ ကစားနိုင်လိမ့်မယ်။ ကျွန်တော်က အကောင်းမြင်သူပါ။ သေချာစစ်ဆေးပြီးရင် အဖြေကိုစောင့်ကြည့်ကြတာပေါ့"ဟု ဝင်းဂါးကပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly