နဗီးလ်အနေဖြင့်နည်းပြဘဝကိုအင်္ဂလန်တွင်သာစတင်သင့်ဟု ဗလင်စီယာနည်းပြ အိုင်စတာရန်ပြော

နဗီးလ်အနေဖြင့်နည်းပြဘဝကိုအင်္ဂလန်တွင်သာစတင်သင့်ဟု ဗလင်စီယာနည်းပြ အိုင်စတာရန်ပြော

မေ ၈၊ ဗလင်စီယာ။           ။ ဂယ်ရီနဗီးလ်အနေဖြင့် နည်းပြဘဝကို အင်္ဂလန်တွင်သာစတင်သင့်သည်ဟု ဗလင်စီယာနည်းပြ ပါကိုအိုင်စတာရန်က ပြောဆိုလိုက်သည်။

"ဂယ်ရီအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကိုသိမယ်လို့ ကျွန်တော်ယုံပါတယ်။ သူ့မှာဗဟုသုတပိုပြီးပြည့်စုံတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒါတွေကိုအကောင်းဆုံးနေရာမှာ ပြန်အသုံးချရပါမယ်။ အသင့်တော်ဆုံးကတော့ သူ့နိုင်ငံမှာပါပဲ။

အဆင့်အတန်းနဲ့မဆိုင်ပါဘူး။ ဂယ်ရီအနေနဲ့ အင်္ဂလန်မှာ ဗလင်စီယာလိုအဆင့်အတန်းမျိုးနဲ့အသင်းကိုကိုင်ရင် သူ့အတွက်ပိုကောင်းမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဲဒီကလူတွေရဲ့အထာကို သူသိလို့ပါပဲ။ သူတို့ဘာတွေးလဲဆိုတာကိုလည်း နားလည်လို့ပါ။ အချိန်လည်းပိုပေးနိုင် လို့ ဗဟုသုတတွေကိုအသုံးချဖို့ လေ့ကျင့်နိုင်ပါတယ်။

အခုစတင်မှုဟာအကောင်းဆုံးမဖြစ်ခဲ့ပေမယ့် လမ်းကြောင်းပေါ်သူပြန်ရောက်လာမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်"ဟု အိုင်စတာရန် ကပြောသည်။

အိုင်စတာရန်သည် ဘင်နီတက်ဇ်၏လက်ထောက်ဖြစ်ခဲ့ရာ ၎င်းတို့အတွဲသည် ဗလင်စီယာတွင် လိဂ်ဖလားတစ်လုံးသာရခဲ့သော်လည်း အင်္ဂလန်တွင် လီဗာပူးလ်အသင်း၌ အောင်မြင်ခဲ့သည်။ သို့တိုင်အောင် အင်္ဂလန်တွင် အခက်အခဲများရှိခဲ့သည်ဟု အိုင်စတာရန်က ဝန်ခံခဲ့သည်။

"ဂယ်ရီ့အတွက်အကြီးဆုံးပြဿနာက သူလိုချင်တာကိုပုံမဖော်နိုင်ခဲ့တာပါ။ စကားပြန်ကနေတစ်ဆင့် ကိုယ့်စိတ်ကူးအပြည့်အဝကို အကောင်ထည်မဖော်နိုင်ပါဘူး။ အဲဒါမျိုးကို လီဗာပူးလ်ကိုကိုင်တုန်းက ကျွန်တော်တို့ကြုံခဲ့ရတယ်"ဟု အိုင်စတာရန်က ဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly