ကနေဒါတောမီး နောက်ပြည်နယ်တစ်ခုသို့ပါ ကူးစက်လောင်ကျွမ်းခြေရှိနေ

ကနေဒါတောမီး နောက်ပြည်နယ်တစ်ခုသို့ပါ ကူးစက်လောင်ကျွမ်းခြေရှိနေ

ဖို့မတ်မာရေး၊ မေ ၈ ။           ။ ကနေဒါနိုင်ငံ အယ်ဘတ်တာပြည်နယ်တွင် အကြီးအကျယ် လောင်ကျွမ်းနေသည့် တောမီးက အနီးရှိ ဆတ်ကတ်ချီဝန်ပြည်နယ်သို့ပါ ကူးစက်လောင်ကျွမ်းလာနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ခြောက်သွေ့ပူပြင်းကာ လေထန်သည့် အခြေအနေကြောင့် မီးပျံ့နှံ့မှု အားကြီးနေကာ မီးငြိမ်းသတ်နိုင်ရေးအတွက် ရာပေါင်းများစွာသော မီးသတ်သမားက လုံးပမ်းနေရသည်။

အဆိုပါတောမီးကြောင့် ဖို့မတ်မာရေးမြို့မှ ဒေသခံ ၈၀၀၀၀ နီးပါး နေရပ်ပြောင်းရွှေ့ခဲ့ရသည်။

မြို့မြောက်ပိုင်းတွင် သောင်တင်နေသူပေါင်း ထောင်ပေါင်းများစွာရှိနေကာ ၎င်းတို့ကို မေ ၈ ရက် မကုန်မီအထိ နေရပ်အပြီးပြောင်းရွှေ့နိုင်ဦးမည်မဟုတ်ပေ။

"မီးကို လုံးလုံးမထိန်းသေးပါဘူး။"ဟု အယ်ဘတ်တာပြည်နယ်ဝန်ကြီးချုပ် ရာချယ်နော့တလေးက ပြောခဲ့သည်။

မီးလောင်ကျွမ်းသည့် ဧရိယာသည် ဟတ်တာ နှစ်သိန်းကျော်(ဧက ၄၉၅၀၀၀)ရှိနေသည်။

"မီးက တော်တော်လေး ကြီးပါတယ်။ ထိန်းနိုင်သေးခြင်း မရှိသေးပါ။"ဟု အယ်ဘတ်တာ အရေးပေါ်စီမံရေးအေဂျင်စီက မေ ၇ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly