တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု ဖြေရှင်းရေး ကမ္ဘာ့လုံးဆိုင်ရာ လှုံ့ဆော်မှု ပြုလုပ်

တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု ဖြေရှင်းရေး ကမ္ဘာ့လုံးဆိုင်ရာ လှုံ့ဆော်မှု ပြုလုပ်

ကုလသမဂ္ဂ၊ မေ ၈ ။              ။ တောရိုင်းတိရစ္ဆာန် တရားမဝင်မှောင်ခိုကုန်သွယ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးတွင် ပြည်သူ့များက ပါဝင်ကူညီရန် တိုက်တွန်းသည့် တစ်ကမ္ဘာ့လုံးဆိုင်ရာ လှုံ့ဆော်မှုတစ်ရပ်အား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက စတင်ဆောင်ရွက်နေသည်။

သဘာဝပတ်ဝန်းကျင်သမားများက တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးမှုများနှင့် ပတ်သက်သော ဓာတ်ပုံများ၊ သတင်းအချက်များကို တင်နိုင်ပြီး အကူအညီပေးရေးအေဂျင်စီများသိနိုင်သည့် မိုဘိုင်းဖုန်းအက်ပရီကေးရှင်းကိုလည်း ထုတ်လုပ်ခဲ့သည်။

နှစ်စဉ်ကမ္ဘာတွင် မှောင်ခိုတောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုပမာဏက ပေါင် ဘီလီယံများစွာ ရှိနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်သတ်ဖြတ်သူများကို ဖြိုခွင်းခြင်းများ လုပ်ဆောင်နေလင့်ကစား ယင်းက လျော့ပါးမသွားဘဲ ဆက်လက်ကြီးထွားလျက်ရှိကြောင်း လှုံ့ဆော်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ကျားနှင့် ကြံ့ကဲ့သို့သော ရေရှည်ရှင်သန်ရေး စိုးရိမ်ရသည့် ရှားပါးတိရစ္ဆာန်မျိုးစိတ်များ ဖမ်းဆီးသတ်ဖြတ်ခြင်းများက တစ်ကျော့ပြန် များပြားလာခဲ့သည်။

ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်မျိုးစိတ်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဝယ်လိုအား ကြီးထွားလာခြင်းနှင့် တရုတ်ေမှောင်ခိုဈေးကွက်တို့က ယင်းသို့သော တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုကို အဓိကမောင်းနှင်နေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly