ဂိုဏ်းအဖွဲ့အစည်းများအား လေကြောင်းစီးနင်းများမှု ဆင်နွှဲမည်ဟု ကိုလံဘီယာပြော

ဂိုဏ်းအဖွဲ့အစည်းများအား လေကြောင်းစီးနင်းများမှု ဆင်နွှဲမည်ဟု ကိုလံဘီယာပြော

ကိုလံဘို၊ မေ ၇ ။                 ။ မူးယစ်မှောင်ခိုကုန်ကူးမှုများနှင့် တရားမဝင်သတ္တုတူးဖော်ခြင်းများအပါအဝင် ဂိုဏ်းအဖွဲ့အစည်းများအား လေကြောင်းစီးနင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုလံဘီယာက ပြောသည်။

စစ်တပ်အပါအဝင်ဖြစ်သော နိုင်ငံတော်အင်အားပြည့်အဖွဲ့ကို ယင်းဂိုဏ်းအဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လူအစ်ကာလို့စ်က ပြောသည်။

လက်ယာယိမ်းစစ်တပ်ထောက်ကူတပ်ဖွဲ့များကြားမှ ပေါက်ဖွားလာခဲ့သည့် ယင်းဂိုဏ်းများကို လွန်ခဲ့သည့် ငါးနှစ်အထိ အုပ်ချုပ်ခဲ့သော အယ်ဗာရိုအူရီဘီအစိုးရဟောင်းလက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း အဖွဲ့ဝင်အင်အား ၃၀၀၀ နီးပါးရှိသည့် ရာဇဝတ်ဂိုဏ်း သုံးဂိုဏ်းရှိနေကြောင်း တာဝန်ရှိသူများက ပြောသည်။

ကိုလံဘီယာနိုင်ငံအနေဖြင့် ဆယ်စုနှစ်ငါးစုကြာ ပြည်တွင်းပဋိပက္ခများအဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံအတွင်း အကြီးဆုံးသူပုန်အဖွဲ့ဖြစ်သည့် လက်ဝဲဖားစ်သူပုန်များအား လေကြောင်းစီးနင်းနေမှုကို လတ်တလော ဆိုင်းငံ့ထားလျက်ရှိသည်။

"လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သြဇာကြီးနေတဲ့ မာဖီးယားဂိုဏ်းအဖွဲ့တွေကို ဖြိုခွင်းရေးအတွက် နိုင်ငံတော်အင်အားပြည့်အဖွဲ့ကို ခြွင်းချက်မရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။"ဟု ကာကွယ်ရေးဝန်ကြီး ကာလို့စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly