နည်းပြ အယ်လီဂရီကို ဂျူဗင်တပ်စ်အသင်း စာချုပ်သက်တမ်းတိုး

နည်းပြ အယ်လီဂရီကို ဂျူဗင်တပ်စ်အသင်း စာချုပ်သက်တမ်းတိုး

မေ ၇၊ အီတလီ ။              ။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် နည်းပြ အယ်လီဂရီကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ အယ်လီဂရီ၏ လက်ရှိစာချုပ်မှာ တစ်နှစ်သက်တမ်းကျန်ရှိနေသေးသည့်အတွက် စာချုပ်သစ်အရ ၂၀၁၈ ခုနှစ်အထိ အသင်းတွင် ဆက်ရှိနေတော့မည် ဖြစ်သည်။

အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းကို တာဝန်ယူခဲ့သည့် ၂ နှစ်တွင် စီးရီးအေဖလား နှစ်လုံး ရရှိအောင် စွမ်းဆောင်ပေးထားသည်။ လာမည့် မေလ ၂၁ ရက်တွင် ကျင်းပမည့် ကိုပါအီတာလီယာ ဗိုလ်လုပွဲ၌ အေစီမီလန်အသင်းကို အနိုင်ရရှိခဲ့ပါက ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယခုရာသီတွင် ပြည်တွင်းဆုဖလား နှစ်လုံး ရရှိမည် ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း ပြည်တွင်းဖလားနှစ်လုံး ရရှိခဲ့သည်။

အယ်လီဂရီ၏ ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ပြီးခဲ့သည့်ရာသီက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ၁၆ သင်းအဆင့်၌ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ချန်ပီယံလိဂ်တွင် အောင်မြင်မှု မရရှိသော်လည်း ဂျူဗင်တပ်စ်အသင်းအာဏာပိုင်များက အယ်လီဂရီ၏ အရည်အချင်းကို ယုံကြည်ပြီး ၂၀၁၈၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly