သက်ဆင်၏ သား အဖမ်းခံရမည့်ဘေးက လွတ်မြောက်

သက်ဆင်၏ သား အဖမ်းခံရမည့်ဘေးက လွတ်မြောက်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် သားဖြစ်သူ ပန်သွန်တေးရှင်နာဝတ်ထရာအား တွေ့ရစဉ်။

ဘန်ကောက်၊ မေ ၅ ။              ။ ပြီးခဲ့သည့် အစိုးရဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုတွင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သားဖြစ်သူ ပန်သွန်တေးရှင်နာဝတ်ထရာ ပါဝင်သည်ဟု စွပ်စွဲထားချက်အတွက် သမ္မန်ဆင့်ခေါ်ခြင်း သို့မဟုတ် ဖမ်းဝရမ်းထုတ်ခြင်းများ ပြုလုပ်ရန် လုံလောက်သည့် သက်သေမရှိကြောင်း ရဲဌာနက မေ ၄ ရက်တွင် ပြောခဲ့သည်။

 စစ်အုပ်ချုပ်ရေးနှင့် ဝန်ကြီးချုပ် ချန်အိုချာအား အွန်လိုင်းတွင် ဝေဖန်မှုများ ရေးသားမှုဖြင့် ဖမ်းဆီးခဲ့သူ ရှစ်ဦးအနက် တစ်ချို့က သက်ဆင်၏ သားဖြစ်သူ ပန်သွန်တေး ပါဝင်ကြောင်း   ပြောဆိုကြသော်လည်း တိကျသည့် သက်သေများ မရှိ၍ တရားစွဲဆိုနိုင်ခြင်း မရှိခဲ့ဟု လက်ထောက်ရဲအကြီးအကဲ သီရိဝါနာက ပြောသည်။

 အဆိုပါ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု၏ နောက်ကွယ်တွင် သံသယရှိသူ မည်မျှပါဝင်နေခြင်းကို ပြောဆိုရန် သီရိဝါနာက ငြင်းဆန်ပြီး စုံစမ်းဆဲဖြစ်ကြောင်း ပြောသည်။

လှုပ်ရှားမှုအတွက် ငွေရရှိရာ လမ်းကြောင်းအကြောင်း ဖမ်းမိထားသူများမှ ပြောကြားမှုများအပေါ် ထင်မြင်ချက်ပေးရန်လည်း ၎င်းက ငြင်းဆန်သည်။ သံသယရှိသူများကို ပိုမိုဖမ်းဆီးရမိရေး တရားရုံး၏ ဖမ်းဝရမ်းရရှိရန် ရဲဌာနအနေဖြင့် သက်သေတည်ဆောက်နိုင်ရေး ကြိုးစားလျက်ရှိကြောင်းကိုသာ ၎င်းက ပြောကြားသည်။

 သရော်လှောင်ပြောင်သည့် ဖေ့ဘုတ်ပေ့တစ်ခုဖြစ်သော We Love Gen Prayut ပေ့ကို လုပ်ဆောင်နေမှုတွင် ပါဝင်သည့် ဖမ်းဆီးထားသော ရှစ်ဦးအား လွှတ်ပေးရေး မေတ္တာရပ်ခံချက်ကို စစ်ခုံရုံးက မေ ၃ ရက်တွင် ပယ်ချလိုက်ကြောင်း ရှပ်နီခေါင်းဆောင် ပရွမ်ပန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly