2NE1 အဖွဲ့ဝင် ဆန်ဒရာပက်ခ် ကလေးသူငယ် ပြန်လည်ထူထောင်ရေး ဆေးရုံသို့ ပရိတ်သတ်များပေးသော လက်ဆောင်များ လှူဒါန်းခဲ့

2NE1 အဖွဲ့ဝင် ဆန်ဒရာပက်ခ် ကလေးသူငယ် ပြန်လည်ထူထောင်ရေး ဆေးရုံသို့ ပရိတ်သတ်များပေးသော လက်ဆောင်များ လှူဒါန်းခဲ့

ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ 2NE1 အဖွဲ့ဝင် ဆန်ဒရာပက်ခ်သည် ကလေးသူငယ် ပြန်လည်ထူထောင်ရေး ဆေးရုံသို့ စာအုပ်များနှင့် အရုပ်များကို လှူဒါန်းခဲ့သည်။

ဆန်ဒရာပက်ခ်သည် ဆေး`ရုံစာကြည့်တိုက်တွင် ရိုက်ထားသော ဓာတ်ပုံကို ၎င်း၏  Instagram အကောင့်တွင် တင်ခဲ့ပြီး ကလေးသူငယ်များ ကျန်းမာပါစေလို့ ဆန္ဒပြုကြောင်းစာသားကို ရေးသားထားသည်။

“ကလေးငယ်များ ကုသမှုကို ခံယူပြီး ကျန်းမာပျော်ရွှင်လာဖို့ မျှော်လင့်ပါတယ်။ ပရိတ်သတ် တွေက ပေးထားတဲ့ အိမ်မှာရှိတဲ့ အရုပ်တွေကို ကျွန်မ ရုတ်တရက် သတိရသွားတယ်။ ဒီအရုပ်တွေဟာ အရမ်းကို တန်ဖိုးရှိတဲ့ လက်ဆောင်တွေပါ။ ကျွန်မက အရုပ်တွေမရှိလဲ အဆင်ပြေတယ်။ ဒါကြောင့် ကလေးတွေကို ဒီအရုပ်တွေပေးတာဟာ အရမ်းကိုကောင်းတဲ့ အိုင်ဒီယာတစ်ခုလို့ ကျွန်မတွေးထင်မိ တယ်။ ကလေးတွေက အရုပ်တွေကို ပိုပြီးနှစ်သက်ကြတယ်လေ။ ဒါကြောင့် ကျွန်မကို ပရိတ်သတ်က ပေးတဲ့ အရုပ်တွေကို ကလေးတွေကို ပေးခဲ့တာပါ” ဟု ဆန်ဒရာက ပြောကြားခဲ့သည်။

ဆန်ဒရာက အရုပ်တွေကို လက်ဆောင်ပေးခဲ့တဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags