ပရီးမီးယားလိဂ်ကို လက်စတာဗိုလ်စွဲမှုမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်ရန်ခက်ခဲဟု ရာနီရေရီပြော

ပရီးမီးယားလိဂ်ကို လက်စတာဗိုလ်စွဲမှုမျိုးနောက်တစ်ကြိမ်ထပ်ဖြစ်ရန်ခက်ခဲဟု ရာနီရေရီပြော

မေ ၄၊ လက်စတာ ။           ။ လက်စတာအသင်း ချန်ပီယံဖြစ်ပြီးနောက် အင်္ဂလန်၏ ချမ်းသာသောကလပ်များသည် ပရီးမီးယားလိဂ်ကို နှစ် ၂၀ ခန့်လွှမ်းမိုးထားလိမ့်မည်ဟု နည်းပြ ရာနီရေရီက ပြောသည်။

ပေါင် ၅၇ သန်းသာတန်ဖိုးရှိသည့် လက်စတာအသင်းလူစာရင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတစ်ဝက်လောက်မှ အသင်းတိုင်းထက် တန်ဖိုးနည်းလွန်းသည့် ပမာဏဖြစ်သည်။

"ငွေကြေးအမြောက်အမြားက အသင်းကြီးတွေဖြစ်စေပြီး ပုံမှန်အားဖြင့် အသင်းကြီးတွေ ဗိုလ်စွဲလေ့ရှိတယ်။ ၉၉ ရာခိုင်နှုန်းလောက်လို့ ပြောနိုင်ပါတယ်။

လာမည့်ရာသီမှာလည်းအဲဒီလိုဖြစ်နေဦးမှာဖြစ်ပြီး ၁၀ နှစ်၊ အနှစ် ၂၀ အကြာထိလည်းဒီလိုဖြစ်နေဦးမှာပါပဲ"ဟု လက်စတာနည်းပြ ရာနီရေရီက ဆိုသည်။

အကြမ်းဖျင်းအားဖြင့် အမှတ်မထင်ဗိုလ်စွဲခြင်းမှာ နှစ် ၂၀ မှတစ်ကြိမ်လောက်သာဖြစ်နိုင်ကြောင်း နော်တင်ဟမ် (၁၉၇၈)နှင့် ဘလက်ဘန်း (၁၉၉၅) တို့နှင့် ဥပမာပြခဲ့သည်။

"နော်တင်ဟမ်နဲ့ ဘလက်ဘန်းတို့ပြီးနောက် နှစ်ဘယ်လောက်ကြာအောင် ဘယ်အသင်းတွေဗိုလ်စွဲခဲ့ကြလဲ။ အချမ်းသာဆုံးအသင်းတွေ ဒါမှမဟုတ်

အကောင်းဆုံးကစားသမားတွေနဲ့ဖွဲ့စည်းနိုင်တဲ့အသင်းတွေပဲ ဗိုလ်စွဲခဲ့တာ"ဟု ရာနီရေရီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly