ဆယ်ကျော်သက် ၅၀ ရာခိုင်နှုန်းက ၎င်းတို့မိုဘိုင်းလ်ဖုန်း စွဲနေသည်ဟု ထင်မြင်လျှက်ရှိ ဟု ဆို

ဆယ်ကျော်သက် ၅၀ ရာခိုင်နှုန်းက ၎င်းတို့မိုဘိုင်းလ်ဖုန်း စွဲနေသည်ဟု ထင်မြင်လျှက်ရှိ ဟု ဆို

ဆန်ဖရန်စစ္စကို၊ မေ၊ ၃ ။             ။ ဆယ်ကျော်သက် ၅၀ ရာခိုင်နှုန်းခန့်မှာ ၎င်းတို့ကိုယ် ၎င်းတို့ မိုဘိုင်းလ်ဖုန်းနှင့် အခြားမိုဘိုင်းလ်ထုတ်ကုန်များအပေါ် စွဲလန်းစိတ်ရှိနေသည်ဟု ထင်မြင် ယူဆလျှက်ရှိကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်အရ သိရသည်။

အမေရိကန်အခြေစိုက် အကျိူးအမြတ်မရယူသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Common Sense Media သည် ဆယ်ကျော်သက်များ၏ မိဘများနှင့် ဆယ်ကျော်သက်များကို မေးမြန်းပြီး စစ်တမ်းကောက်ယူရာတွင် ထိုကဲ့သို့ ဆယ်ကျော်သက်ထက်ဝက်ခန့်မှာ ၎င်းတို့ဘာသာ မိုဘိုင်းထုတ်ကုန်များအပေါ်စွဲလန်းနေသည်ဟု ထင်မြင်လျှက်ရှိကြောင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဆယ်ကျော်သက်ကလေးများ၏ မိဘ ၅၉ ရာခိုင်နှုန်းမှာလည်း ၎င်းတို့၏ ကလေးများ မိုဘိုင်းလ်ဖုန်းထုတ် ကုန်များကိုစွဲလန်းနေပြီဟု ထင်မြင်ယူဆလျှက်ရှိကြောင်း ယင်းစစ်တမ်းတွင်ဖော်ပြထားသည်။

အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များနှင့် ဆယ်ကျော်သက်ကလေးများ၏ မိဘများ စုစုပေါင်း ၁၂၄၀ ခန့်ကို မေးမြန်းရာမှယခုရလဒ်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ဆယ်ကျော်သက်တစ်ဦးသည် အပြင်ထွက်၍ရုပ်ရှင်ကြည့်ရန်၊ သူငယ်ချင်းများနှင့်မုန့်သွားစားရန် တို့ကိုစိတ်မပါတော့ဘဲ အိမ်ထဲတွင် တစ်ယောက်တည်း ဂိမ်းကစားနေရန်သာပို၍အားသန်နေပါက ထိုဆယ်ကျော်သက်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေပြီဟု ဒီဂျစ်တယ်နည်းပညာဆိုင်ရာရောဂါကုသမှုကျွမ်းကျင်ပညာရှင် ဟော်လန်ဟေးစ်က ပြောကြားသည်။

ဆယ်ကျော်သက်မည်ရွေ့မည်မျှက နည်းပညာပစ္စည်းများ နှင့် အင်တာနက်အပေါ် အမှန်တကယ်စွဲလန်းနေသည်ကိုမူ အတိအကျ သိရှိနိုင်ခြင်း မရှိသေးချေ။

၎င်းတို့၏ ကလေးများအနေဖြင့် စွဲလန်းမှုရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  မိုဘိုင်းလ်ထုတ်ကုန်များအပေါ်တွင် အချိန်များစွာကုန်နေသည်ဟု ယူဆသည့် မိခင်ပေါင်းမှာ ၆၆   ရာခိုင်နှုန်းရှိပြီး ဆယ်ကျော်သက် ၅၂ ရာခိုင်နှုန်းကလည်း ထိုအချက်ကို လက်ခံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly