အိုင်စီအာရ်စီက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွေ့ပြောင်းရသူများကို အရေးပေါ်အကူအညီပေး

အိုင်စီအာရ်စီက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွေ့ပြောင်းရသူများကို အရေးပေါ်အကူအညီပေး
စစ်ဘေးတိမ်းရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - CJ)

ရန်ကုန် ၊မေ ၃ ။             ။ ရခိုင်ပြည်နယ်တွင်းရှိ တိုက်ပွဲများကြောင့် ဘူးသီးတောင်နှင့် ကျောက်တော်မို့နယ်များအတွင်းမှ ခိုလှုံလာသူ ၅၀၀ခန့်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) ကအရေးပေါ် အကူအညီများပေးလျက်ရှိကြောင်း မေလ ၃ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဘူးသီးတောင်မြို့နယ်ရှိစည်တောင်ကျေးရွာ၊ ကျောက်တော်မို့နယ်ရှိ သလူချောင်းကျေးရွာနှင့် ပညာဝကျေးရွာရှိ  လူဦးရေ ၅၀၀ခန့်အား အိုင်စီအာရ်စီသည် အိုးခွက် ပန်းကန်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ခြုံစောင်များ၊ ခြင်ထောင်များနှင့် မီးဖွားရာတွင်သုံးသော တစ်ခါသုံးပစ္စည်းများ စသည့်တို့ကို ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

ဧပြီလလယ်အတွင်းတိုက်ပွဲများကြောင့်  လူ၁,၀၀၀ ကျော်သည် ရသေ့တောင်နှင့် ဘူးသီးတောင်၊ ကျောက်တောင်မြို့နယ်များအတွင်းမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး  ရွှေ့ ပြောင်းသူအများစုသည် စာသင်ကျောင်းနေထိုင်ကာ အချို့မှာဆွေမျိုးများနှင့် လက်ခံအိမ်များတွင် နေထိုင်လျက်ရှိကြောင်း အိုင်စီအာရ်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

"စာတင်ကျောင်းတွေမှာလည်း လူတွေပြည့်ကျပ်နေပါသည်။ ဒီလူတွေဟာကြမ်းပြင်ပေါ် ဒါမှမဟုတ် တာပေါ်လင်းပေါ်မှာပဲ ဒီအတိုင်းအိပ်စက်နေကြရပါတယ်" ဟုမောင်တောမြို့ရှိ အိုင်စီအာရ်စီရုံးခွဲတာဝန်ခံ  မစ္စတာဝေချောင်ရစ်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ အိုင်စီအာရ်စီကိုယ်စားလှယ်ရုံးတာဝန်ခံ မစ္စအယ်လီယန်နာဘနာ့ဒ်က"နဂိုကတည်းက ရေရှားပါးမှုနဲ့ရင်ဆိုင်နေရတဲ့ နယ်ခံ အိမ်ရှင်လူထုအတွက် ပိုပြီးအခက်တွေ့စေမှာဖြစ်တဲ့အတွက် ဒီ အခြေအနေအတိုင်းသာ ဆက်သွားနေရင် မကြာခင်မှာ ရေပြသနာဟာ စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်" ဟုပြောသည်။

အိုင်စီအာရ်စီက လာမည့်ရက် သတ္တပတ်အကုန်တွင် ရေဖြန့်ဖြူးပေးသွားမည်ဟု ၎င်းကဆိုသည်။

အိုင်စီအာရ်စီသည် ၂၀၁၂ခုနှစ်တွင်ရခိုင်ပြည်နယ်သို့ စတင်ရောက်ရှိပြီး စစ်တွေနှင့် မြောက်ဦးမြို့များတွင် ရုံးများဖွင့်လှစ်ကာ ယခုနှစ်တွင် မောင်တောမြို့တွင်လည်း ရုံးဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly