စစ်ပွဲများရပ်တန့်ရေး ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်

စစ်ပွဲများရပ်တန့်ရေး ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်တွင် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ-သူရ၊မဇ္ဈိမ

ရန်ကုန်၊ မေ ။            ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရေး အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉မြို့နယ်နှင့် ရန်ကုန်မြို့တွင် မေဒေးနေ့၌ တစ်ပြိုင်နက်ထဲ ဆန္ဒပြတောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် မြန်မာတပ်မတော်နှင့် AAလက်နက်ကိုင်တပ်များ၏ စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းတွင် မေ ၁ရက်နေ့က လူအင်အား ၃၀၀ခန့်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့သည်။

“ရည်ရွယ်ချက်က တော့ (၅)ချက်နဲ့လုပ်တာပါ ဒီစစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒုက္ခသည်တွေရှိတယ် သူတို့ကို ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေ အကူအညီပေးတဲ့ အခါမှ ပိတ်ပင်းတားဆီးတာတွေ မလုပ်ဖို့ရယ်ရည်ရွယ်ထားတယ်”ဟု ပွဲစီစဉ်သူ ကိုလင်းခိုင် က ပြောသည်။

တိုက်ပွဲကြောင့် ဒုက္ခသည့်များကို ပေါ်တာဆွဲခြင်းအပါအဝင် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင့် ၎င်းကပြောသည်။

ဆန္ဒပြပွဲတွင် အများစုက ရခိုင်အပြင် မွန် ၊ဗမာ လူမျိုးများပါ ပူးပေါင်းပါဝင်၍ လူအင်းအား ၃၀၀ခန့်ပါဝင်ခန့်သည်။

ဆန္ဒဖော်ထုတ်ရာတွင် စစ်ပွဲများရပ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်တန့်ပေး၊ ပေါ်တာဆွဲခြင်း ၊မတရား ညှင်းပန်းနှိပ်စက်မှု ချက်ချင်းရပ် အပါအဝင်အချက် (၅) ချက်ကို ရေးသားထား သည့်ဗွီနိုင်းများကို ကိုင်ဆောင်လျှက် ဆန္ဒ ဖော်ထုတ်ခဲ့သည်။

ကမ ္ဘာ့အလုပ်သမားနေ့တွင် စစ်ပွဲများရပ်တန့်ရေးအတွက် ရန်ကုန်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပေါက်တောနှင့် မြေပုံမြို့တို့ဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်လည်း ဆန္ဒဖော်ထုတ်နေကြောင်း သိရသည်။

ရခိုင်တပ်မတော်AA သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးနေသည့် အဖွဲ့တခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly