လူမှုကွန်ရက်ကြီး ဖေ့စ်ဘုတ်က ကြော်ငြာဝင်ငွေကို ဗွီဒီယိုဖန်တီးသူများနှင့် မျှယူမည်

လူမှုကွန်ရက်ကြီး ဖေ့စ်ဘုတ်က ကြော်ငြာဝင်ငွေကို ဗွီဒီယိုဖန်တီးသူများနှင့် မျှယူမည်

ဆီလီကွန်တောင်ကြေား၊ ဇူလိုင်-၃ ။     ။ ဗွီဒီယိုဖန်တီးသူများအား ၎င်းတို့၏ ကလစ်များကို ပလက်ဖောင်းပေါ်တင်သည့်အတွက် လူမှုကွန်ရက်ဘီလူးကြီး ဖေ့စ်ဘုတ်က အခကြေးငွေ စတင်ပေးချေနေပြီဖြစ်သည်။ ဖေ့စ်ဘုတ်က ကြော်ငြာများ ကြားညှပ်ထား သည့် များမြောင်လှသည့် ဗွီဒီယိုကလစ်တစ်သီတစ်တန်းကြီးကို ရှာဖွေရွေးချယ်သည့် ‘ဗွီဒီယိုအညွှန်း (Suggested Videos)’ တစ်ခုကို စတင်မိတ်ဆက်လာခဲ့သည်။

လူများကို အချိန်ကြာမြင့်စွာ ကြည့်ရှုစေသည့် ဗွီဒီယိုများက ကြော်ငြာများမှ အကြီးမားသော ဝင်ငွေဝေစုကို ရရှိစေနိုင်မည်ဖြစ်ရာ၊ ယခုလက်ရှိတွင် ဗွီဒီယိုကလစ်များ၏ ၄၅ရာခိုင်နှုန်းကို ဖေ့စ်ဘုတ်က ထိန်းထားသည်။

နေ့စဉ်နှင့်အမျှ ဗွီဒီယိုကလစ် ၄ဘီလျံခန့်ကို ဖေ့စ်ဘုတ်သုံးစွဲသူများက ဆွဲယူကြည့်ရှုနေကြရာ YouTube အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနေသည်ဟု ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ ‘ဖေ့စ်ဘုတ်ဟာ ဗွီဒီယိုကွင်း (video space)’တစ်ခု အဖြစ် ကို ပြင်းထန်ကြမ်းတမ်းစွာ ပြောင်းလဲလာနေပြီ’’ဟု HIS စီးပွားရေးအကြံပေးအဖွဲ့မှာ ကြေငြာကျွမ်းကျင်သူ အယ်လီနိ မရူးလီ က ပြောကြားသည်။

‘၂၀၁၄ခုနှစ် ဒီဇင်ဘာလမှာ ဗွီဒီယိုကြည့်ရှုနှုန်းမှာ ဖေ့စ်ဘုတ်က ပထမဆုံးအကြိမ်အနေနဲ့ YouTube ကို ကျော်လွန်သွားခဲ့ တယ်။ နောက်တစ်နှစ်ကစပြီး YouTube ဟာ သူ့ရှယ်ယာတွေကို လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ ကျွန်တော်ပြောရဲပါတယ်’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လကလည်း အမေရိကန် အသံလွှင့်ကုမ္ပဏီဖြစ်သည့် HBOက ၎င်း၏ အစီအစဉ်တစ်ချို့ကို ဖေ့စ်ဘုတ်ပေါ်တွင် လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။ အခကြေးငွေပေးမည်ဟူသည့် မက်လုံးကြောင့်လည်း ဗွီဒီယိုဖန်တီး သူများ အဖို့ ၎င်းတို့၏ ကလစ်များကို ဖေ့စ်ဘုတ်ပေါ်တွင် လွှင့်တင်ချင်စရာ ဖြစ်လာခဲ့သည်။

YouTube က ဗွီဒီယိုဖန်တီးသူများကို ၎င်းတို့၏ ဗွီဒီယိုရှေ့က ကြားညှပ်ထည့်သည့် ကြော်ငြာများမှ ရရှိသည့်ဝင်ငွေ၏ ၅၅ ရာခိုင်နှုန်း ပေးချေရာတွင် ဖေ့စ်ဘုတ်ကမူ ၅၅ရာခိုင်နှုန်းကို ဖန်တီးသူများအား ခွဲခြမ်းပေးမည်ဖြစ်သည်။  

 ‘ဒါက တကယ့်ကို ထူးထူးခြားခြားရက်ရောလွန်းတဲ့ ပုံစံတစ်ခုပါ။ ဒါပမေယ့်လည်း ဖန်တီးသူတွေကို သူတို့ရဲ့ ပလက်ဖောင်းတွေပေါ် ရောက်လာဖို့ အပြိုင်အဆိုင် ဆွဲဆောင်တဲ့ ဖေ့စ်ဘုတ်နဲ့ YouTube ရဲ့ အားပြိုင်မှုကို ကြည့်ကြရတော့မှာပါ’’ဟု မစ္စမရူးလီက ပြောကြားခဲ့သည်။  

ဖေ့စ်ဘုတ်မှာ ၂၀၁၅ခုနှစ်၏ ပထမသုံးလပတ်အတွင်းမှာပင် ကြော်ငြာမှ ဝင်ငွေ ကန်ဒေါ်လာ ၃ဒသမ၃ဘီလျံရရှိခဲ့ပြီး ယင်းပမာဏမှာ မိုဘိုင်းကြော်ငြာများမှ ရရှိသည့်ဝင်ငွေ၏ ၇၃ရာခိုင်နှုန်း ရှိသည်။

‘ဖေ့စ်ဘုတ်ဟာ အလွန်ကိုပဲ ပြောင်းလွယ်ပြင်လွယ်ဖြစ်တယ်။ ၂၀၁၂ခုနှစ်တုန်းက သူတို့မှာ မိုဘိုင်းကြော်ငြာဝင်ငွေ သုညပဲ ရှိခဲ့တယ်။ နှစ်နှစ်အတွင်းမှာ သူတို့ရဲ့ ကြော်ငြာဝင်ငွေအရပ်ရပ်ရဲ့ ၆၀ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာအောင် ဆွဲတင်နိုင်ခဲ့ တယ်’’ဟုလည်း မစ္စမရူးလီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly