မင်းတိုင်ပင် လေကြောင်းတိုက်ခိုက်ခံရမှု PDF ၇၀ ခန့်သေဆုံးသည်ဆိုသောသတင်း မှားယွင်း

By JC(မဇ္ဈိမ)
14 December 2023
မင်းတိုင်ပင် လေကြောင်းတိုက်ခိုက်ခံရမှု PDF ၇၀ ခန့်သေဆုံးသည်ဆိုသောသတင်း မှားယွင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအနီးမှာရှိတဲ့ NUG ကြားကာလတရားစီရင် ရေးရုံး လေကြောင်းတိုက်ခိုက်ခံရမှုမှာ PDF ၇၀ ခန့်သေဆုံးတယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ ကဖြန့်ဝေနေပါတယ်။ ဒါဟာ မှားယွင်းနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ ကျော်စွာချန်နယ်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ “မင်းတိုင်ပင်  nug တရားသူကြီးအပါအဝင် ပဒက် ၇၀ ခန့်ကို တပ်မတော်က ချေမှုန်းနိုင်ခဲ့သည်” လို့‌ ရေး သားပြီး ပုံသုံးပုံနဲ့အတူ စတင်ဖြန့်ဝေထားပါတယ်။ ဒီအကြောင်း တခြားတယ်လီဂရမ်ချန်နယ်နဲ့ ဂရု(ပ်) ၁၄ ခုမှာပျံ့နှံ့နေပြီး ဖတ်ရှုသူ ၉၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်  " t.ly/AjFbz " သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly