ဧပြီ ၂၉၊ လက်စတာစီးတီး ။ ။ သမိုင်းတွင်သည့် အောင်မြင်မှုအတွက် လက်စတာစီးတီးအသင်းအား ဂုဏ်ပြုသောအားဖြင့် Kasabian ရော့ခ်ဂီတာအဖွဲ့က လက်စတာအသင်းပိုင် King Power ကွင်းတွင် အခမ်းနားဆုံး ဂီတဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
၁၉၉၇ ခုနှစ်က လက်စတာမြို့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် Kasabian ရော့်ခ်ဂီတအဖွဲ့သည် နာမည်ကြီး တီးဝိုင်းတစ်ခုဖြစ်ပြီး လက်စတာအသင်း၏ အမာခံပရိသတ်များလည်း ဖြစ်သည်။
လာမည့် မေလ ၂၈ ရက်နေ့တွင် ဂီတဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး လက်မှတ်များကို ဧပြီလ ၃၀ ရက်နေ့က စတင်ပြီး ရောင်းချမည်ဖြစ်ကြောင်း Kasabian အဖွဲ့က တွစ်တာမှ ကြေညာထားသည်။
'လက်စတာစီးတီးအတွက်တော့ တကယ်ကို မယုံကြည်နိုင်စရာကောင်းတဲ့ နှစ်တစ်နှစ်ပါပဲ။ နွေရာသီမှာ ဒီလို ဖျော်ဖြေပွဲ ကျင်းပတာက ပိုပြီး ပြီးပြည့်စုံသွားစေမှာပါ။
လက်စတာစီးတီးအသင်းဖလားရလို့ အောင်ပွဲခံကြပြီး မောပန်းနေရင်တယ်ဆိုတောင်မှ ကျွန်တော်တို့ပွဲမှာကဲဖို့ အားတွေ ရှိနေကြဦးမှာပါ။ ဒီပွဲကို အားလုံးက စောင့်ကြည့်နေမှာဖြစ်ပြီး ဖျော်ဖြေရတဲ့ ကျွန်တော်တို့လည်း စကြဝဋ္ဌာကြီးအလည်ကိုရောက်နေသလို ခံစားရမှာပါ။ King Power ကွင်းကြီးထဲမှာ အမြဲတမ်းဖျော်ဖြေလိုခဲ့တာပါ။ ဒါကို ကျွန်တော်တို့ အကောင်အထည်ဖော်ပါမယ်။ ဒီကွင်းကြီးမှာ ဖျော်ဖြေတာထက် ပိုပြီးကောင်းတာ မရှိတော့ပါဘူး။ ကျွန်တော်တို့ အလွန်ဂုဏ်ယူပါတယ်' လို့ Kasabian ဂီတအဖွဲ့ရဲ့ ဂစ်တာသမား တစ်ဖြစ်လဲ သီချင်းရေးဆရာ ပစ်ဇော်နိုက ပြောဆိုခဲ့သည်။
လက်စတာစီးတီးအသင်းသည် သမိုင်းတွင်သည့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လက်ကျန်သုံးပွဲမှ ရမှတ် သုံးမှတ် ရရှိရန် လိုအပ်နေသေးသည်။
Ref: The Sun