မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည်။
“မိုင်းခွဲဖျက်ဆီးခဲ့တယ်။ အကြမ်းဖက်စစ်ကောင်စီပြိုလဲဖို့ ထောက်တိုင်မှန်သမျှ တိုက်ခိုက်သွားမယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ Mytel တာဝါတိုင်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဖေါက်ခွဲဖျက်ဆီးခဲ့သေးသည်။
မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီး၊ မလှိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ထုတ်ကုန်များကို ပြည်သူလူထု အနေဖြင့် သုံးစွဲခြင်းမပြုကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မေတ္တာရပ်ခံထားသည်။
ရုပ်သံ-နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
စာတည်း။ ။စောဖေ