ဆယ်ကျော်သက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထိုင်းရဲ့ ပထမဆုံး အိုလံပစ်ချန်ပီယံ စွပ်စွဲခံရ

By PKThawn
12 December 2023
ဆယ်ကျော်သက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထိုင်းရဲ့ ပထမဆုံး အိုလံပစ်ချန်ပီယံ စွပ်စွဲခံရ

ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဟာ ဆယ်ကျော်သက် မိန်းကလေးတဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွပ်စွဲခံထားရကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး သူဟာအဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

၁၉၉၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဖယ်သာဝိတ်လက်ဝှေ့ ရွှေဆွတ်ခူးပြီး နိုင်ငံ့သူရဲကောင်းတဦးဖြစ်လာခဲ့တဲ့ ဆွမ်လတ် ကမ်ဆင် (Somluck Kamsing)ကို အသက် ၁၇ နှစ်အရွယ် မိန်းကလေးက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ တိုင်ကြားခဲ့တာပါ။

“သူဟာ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ”လို့ ရဲမှူးကြီး ယိုဆာဝပ် က AFP ကို ပြောခဲ့ပါတယ်။

အသက် ၅၀ နှစ်အရွယ် ဆွမ်လတ်ဟာ နိုင်ငံအရှေ့မြောက်ဘက် Khon Kaen မြို့ရှိ ဘားတခုမှာ စနေနေ့ညနေက ဆယ်ကျော်သက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ ဒေသစံတော်ချိန် နံနက် ၃း၀၀ နာရီအထိ အဲဒီနေရာမှာ နေခဲ့ကြောင်း ဟိုတယ်သို့ မသွားခင် အိုလံပစ်ချန်ပီယံဟောင်းက သူမကို စော်ကားခဲ့တယ်လို့ မိန်းကလေးက ပြောကြောင်း ဒေသတွင်း မီဒီယာရဲ့ ဖော်ပြချက်ကို ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ သက်သေတွေ မစုဆောင်းခင် ဆယ်ကျော်သက်မိန်းကလေးကို ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့အတူ စစ်ဆေးမေးမြန်းမှာဖြစ်ပြီး စွပ်စွဲချက်ကို ဖြေကြားဖို့အတွက် ဆွမ်လတ်ကို ဆင့်ခေါ်စာထုတ်ပြန်ကြောင်း ယိုဆာဝပ်က ပြောပါတယ်။

ဆွမ်လတ်က အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုကြောင်း ဒေသတွင်းမီဒီယာကို ပြောဆိုခဲ့ပြီး သူမဟာ အသက် ၁၇ နှစ်သာရှိသေးတယ်လို့ ဆယ်ကျော်သက်မိန်းကလေးက ပြောပြီးတာနဲ့ သူဟာ ဟိုတယ်ခန်းထဲမှာ တိုးတက်မှု (လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု အပြုအမှု)ကို ရပ်လိုက်တယ်လို့ ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြုတဲ့ အသက်မှာ ၁၈ နှစ်ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly