အယ်လ်-နာဆာအသင်း အနိုင်ရတဲ့ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တစ်နှစ်တာအတွင်း သွင်းဂိုး ၅၀ မြောက်ကို သွင်းယူ

အယ်လ်-နာဆာအသင်း အနိုင်ရတဲ့ပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တစ်နှစ်တာအတွင်း သွင်းဂိုး ၅၀ မြောက်ကို သွင်းယူ

အယ်လ်-နာဆာဟာ ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရေးအတွက် ပြိုင်ဘက် အယ်လ်-ရှာဘတ်ကို ၅-၂ ဂိုးဖြင့် အနိုင်ယူခဲ့မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၃ အတွင်း သူ့ရဲ့ ၅၀ ဂိုးမြောက် သွင်းယူခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ဒုတိယပိုင်းမှာ အသင်းရဲ့ စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဒီဂိုးဟာ လက်ရှိရာသီအတွက် သူ့ရဲ့ သွင်းဂိုးအရေအတွက် ၂၆ ဂိုးအထိ ရှိစေခဲ့တာဖြစ်ပြီး ဆော်ဒီပရိုလိဂ် ၁၅ ပွဲမှာ ၁၆ ဂိုးသွင်းခဲ့တာပါ။

ပြီးခဲ့တဲ့ သုံးရက်က ရော်နယ်လ်ဒိုဟာ အယ်လ်-ရီယာ့ဒ်ကို ၄-၁ ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ သူ့ရဲ့ ကစားသမားဘဝ ပွဲပေါင်း ၁,၂၀၀ ပြည့်ပရော်ဖက်ရှင်နယ်ပွဲစဉ်ကို ကစားခဲ့ပါတယ်။

အဲဒီပွဲမှာ သူဟာ တဂိုး သွင်းပြီး ဂိုးဖန်တီးမှုတကြိမ်လည်း ပြုလုပ်နိုင်ခဲ့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly