အန်ဖီးတွင် ဗီလာရီးယဲလ်နှင့်ပွဲအတွက်လီဗာပူးလ်အသင့်ရှိနေမည်ဟု ကလော့ပ်ပြော

အန်ဖီးတွင် ဗီလာရီးယဲလ်နှင့်ပွဲအတွက်လီဗာပူးလ်အသင့်ရှိနေမည်ဟု ကလော့ပ်ပြော

ဧပြီ ၂၉၊ လီဗာပူးလ် ။              ။ လာမည့်တစ်ပတ်တွင် အန်ဖီးကွင်း၌ ဗီလာရီးယဲလ်နှင့် ကစားရမည့် ယူရိုပါလိဂ်ဆီမီးဒု-ကျော့အတွက် လီဗာပူးလ်အသင်းအဆင်သင့်ရှိနေမည် ဖြစ်သည်ဟု လီဗာပူးလ် နည်းပြကလော့ပ်က သတိပေးပြောဆိုလိုက်သည်။

လီဗာပူးလ်သည် ဗီလာရီးယဲလ်ကွင်းတွင်ကစားသောပထမအကျော့တွင် ၁-၀ ဖြင့်အရေးနိမ့်ခဲ့ပြီး ယခုနှစ်ရာသီ ယူရိုပါလိဂ်ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

အနိုင်ရခဲ့သော ဗီလာရီးယဲလ်အသင်းသည်အလွန်အကျူးအောင်ပွဲခံခဲ့သော်လည်း ကလော့ပ်က ဗီလာရီးယဲလ်အနေဖြင့် လာမည့်တစ်ပတ် တွင် အင်္ဂလန်သို့လာကစားသောအခါ အခက်ကြုံရလိမ့်မည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။

"ပထမအကျော့ပဲရှိပါသေးတယ်။ ပထမဆုံးအတွေးကတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ ဒါပေမဲ့ ပွဲမပြီးသေးပါဘူး။ သူတို့အန်ဖီးကိုလာ ကစားရဦးမှာဖြစ်ပြီး ကျွန်တော်တို့အသင့်ဖြစ်နေမယ်။ အခုကျွန်တော်တို့ အားနည်းချက်တချို့အတွက်အဖြေရှာရမှာဖြစ်ပေမယ့် ပုံစံကောင်းတော့ရှိပါတယ်။ ကျွန်တော်တို့လုပ်ပြနိုင်တာအများကြီးရှိ တယ်ဆိုတာကိုလည်း မြင်ခဲ့ရတယ်။ အန်ဖီးနဲ့ဆိုရင် ကျွန်တော်တို့လုပ်နိုင်မှာဖြစ်ပေမယ့် ဒေါ့မွန်ပွဲနဲ့တော့မနှိုင်းကြဖို့တောင်းဆိုချင်ပါတယ်။ ၁-၀ ရလဒ်က ကြီးမားတဲ့ရလဒ်မဟုတ်ပါ ဘူး။ ကျွန်တော်တို့အကြောင်းကို ဗီလာရီးယဲလ်ပိုသိပြီး လေးစားသွား လိမ့်မယ်"ဟု ကလော့ပ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly