တရုတ်ထောက်ပံ့ရေး ကွင်းဆက်နေရာတွင် အိန္ဒိယကို အစားထိုးလာနိုင်

တရုတ်ထောက်ပံ့ရေး ကွင်းဆက်နေရာတွင် အိန္ဒိယကို အစားထိုးလာနိုင်

ပိုမိုကျယ်ပြန့်လာသော စားသုံးသူစျေးကွက်နှင့် ကြီးမားသော လုပ်သားအင်အား ကို ပိုင်ဆိုင်ထားသည့် အိန္ဒိယ သည် တရုတ် ထောက်ပံ့ရေးကွင်းဆက် ဖြတ်လိုသော နိုင်ငံများ အနေဖြင့် အစားထိုးရွေးချယ်စရာ နေရာတခု ဖြစ်လာနိုင်သည်ဟု Fitch က ဖော်ပြသည်။

တရုတ် ၏ ထောက်ပံ့ရေး ကွင်းဆက် ကို ကွဲပြားခြားနားအောင် လုပ်ဆောင်ခြင်းသည် ထွန်းသစ်စ စျေးကွက်များစွာကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်လာရန်နှင့်  ထုတ်လုပ်မှုစွမ်းရည် တိုးတက်စေရန် မကြုံစဖူး အခွင့်အလမ်းတခုအဖြစ် ဖော်ဆောင်ပေးကြောင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဖွဲ့ (global rating agency ) က ဖော်ပြသည်။

"အရှေ့တောင်အာရှစီးပွားရေး နှင့် အိန္ဒိယသည်  ထုတ်လုပ်မှုကဏ္ဍတွင် အခြားရွေးချယ်စရာ နေရာများ ဖြစ်လာသည်။ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် တရုတ်ထက် လုပ်ခလစာ သိသိသာသာ နည်းပါးသော လုပ်သားစျေးကွက် ရှိသည်" ဟု Fitch က ဖော်ပြသည်။

အင်ဒိုနီးရှား၏ သတ္တုအရင်းအမြစ်များသည် လျှပ်စစ်ကားများနှင့် ဘက်ထရီများ ထုတ်လုပ်မှု တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို တွန်းအားပေးနိုင်ပြီး မလေးရှားသည် နည်းပညာကဏ္ဍတွင် FDI များကို ဆွဲဆောင်နေသည်ဟု Fitch က ဖော်ပြသည်။

ထို့ပြင် သေးငယ်သော ဒေသတွင်းစီးပွားရေး လုပ်ငန်းများသည် ကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို တက်လှမ်းနိုင်ရန် စွမ်းဆောင်ရည်တွင် ကန့်သတ်ချက်များ ရှိနေပြီး ၎င်းသည် ပိုမို အသေးစိတ်သော ထုတ်လုပ်မှုကဏ္ဍများတွင်လည်း ကန့်သတ်ချက်များ ရှိနိုင်သော်လည်း Central America သည် အိမ်နီးချင်းနိုင်ငံများမှ အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း rating agency က အခိုင်အမာဆိုသည်။

ကိုစတာရီကာသည် တန်ဖိုးမြှင့်ထုတ်လုပ်မှုစွမ်းရည်နှင့် ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အအုံ များ ရှိသောကြောင့် ကောင်းမွန်သော နေရာတခုဖြစ်ကြောင်း Fitch က ပြောကြားသည်။ “ထွန်းသစ်စဥရောပနိုင်ငံတွေဟာ သူတို့ရဲ့ အခြေခံအဆောက်အအုံနဲ့ လုပ်သားအင်အား အားသာချက်တွေ ကြောင့် အဓိက ယူရိုဇုန်စီးပွားရေးနဲ့ နီးစပ်မှုကနေ အကျိုးခံစားရမှာပါ” ဟု ၎င်းကဆိုသည်။

အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပနိုင်ငံများသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်များ နှင့် ကောင်းမွန်စွာ ပေါင်းစပ်ထားပြီး ပို့ကုန်များတွင် သိသာထင်ရှားသော တန်ဖိုးမြှင့်တင်မှု ပေးစွမ်းနိုင်၍ ဆီမီးကွန်ဒတ်တာများမှ မော်တော်ကားအထိ ကဏ္ဍများတွင် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိသည်။

"စီးပွားရေးလုပ်ငန်းများသည် မြင့်မားသော ကုန်ထုတ်စွမ်းအားတိုးတက်မှုကို ဆက်ထိန်းထားနိုင်ခြင်းနှင့်  ဆိုးရွားသော လူဦးရေ အခြေအနေကို ကျော်လွှားနိုင်မည်လား ဆိုသည်မှာ အရေးကြီးသော စမ်းသပ်ချက်ဖြစ်သည် " ဟု rating agency က မေးခွန်းထုတ်သည်။

COVIS-19 ကူးစက်ရောဂါ ကာလနှင့် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲများသည် တိကျသေချာသော ထောက်ပံ့ရေးကွင်းဆက် ရနိုင်ရန် အခက်အခဲ ရှိနေသည်။ ထွန်းသစ်စ-စျေးကွက်စီးပွားရေး နိုင်ငံအများအပြားသည် ထောက်ပံ့ရေးကွင်းဆက်တွင် ပိုမိုပါဝင်လာနိုင်ရန်၊ ၎င်းတို့၏ ကုန်ထုတ်လုပ်မှု စွမ်းရည်ကို တိုးမြှင့်ရန် နှင့် မတူကွဲပြားစွာ လုပ်ဆောင်ရန် ကြီးမားသော အခွင့်အလမ်းတရပ် ပေးစွမ်းနိုင်သော ပြုပြင်ပြောင်းလဲမှု လိုအပ်နေသည်။

ထို့ပြင် အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်မှု ဆက်ဆံရေး ယိုယွင်းလာခြင်းကလည်း ကွဲပြားခြားနားသော ထုတ်လုပ်မှု ရင်းမြစ်များ ပိုမိုလိုအပ်လာခဲ့သည်။

တရုတ်သည် သိသာထင်ရှားသော နှိုင်းယှဉ်အားသာချက်များစွာကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သောကြောင့် ထောက်ပံ့ရေးကွင်းဆက် ကွဲပြားခြင်းရှိအောင် လုပ်ဆောင်ရာတွင် တဖြည်းဖြည်းချင်း သာ ပြောင်းလဲလာနိုင်မည်ဟု ယုံကြည်ကြောင်း Fitch က သုံးသပ်သည်။

#Mizzima
#တရုတ်
#အိန္ဒိယ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly