တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ်ဆုံးရှိသည့် မြို့တော်ခန်းမနှင့် ဆေးရုံတို့တွင် တော်လှန်ရေး အင်အားစုက သွားရောက်ဆန္ဒပြခြင်းကို ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
"ဒီနေ့ ကျွန်တော်တို့ စစ်အာဏာရှင် ဆန့်ကျင်ရေး သွားရောက်ပြုလုပ်တဲ့ နေရာမှာ စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတွေ ဖြစ်တဲ့ စရဖရုံး၊ စိုက်ပျိုးရေး အပါဝင် စစ်တပ် လက်အောက်ခံ ရုံးတွေ ရှိနေရာမှာ ဒီနေ့ မနက်ပိုင်းက သွားရောက် ဆန္ဒပြခဲ့တာ ဖြစ်တယ်"ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြော သည်။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အာဏာသိမ်း စစ်ကောင်စီဘက်တော်သားများ ဖက်ဆစ်တပ်ကိုစွန့်ခွာပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာကြဖို့ တိုက်တွန်းသည့်အနေဖြင့် မြို့တော်ခန်းမရှေ့တွင် 'ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ' ဆိုသည့် ဘန်နာကို ချိတ်ဆွဲကြပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေလှုပ်ရှားခဲ့ခြင်း ဖြစ် သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#လောင်းလုံးမြို့နယ်
#သပိတ်ကော်မတီ