စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးဂိတ်အချို့ရှိ ယာဉ်လိုင်းများ ရပ်နားထား

စက်သုံးဆီအခက်အခဲကြောင့် အဝေးပြေးဂိတ်အချို့ရှိ ယာဉ်လိုင်းများ ရပ်နားထား

ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ် အတွင်း စက်သုံးဆီပြတ်လပ်မှု ပြန်လည်ဖြစ်ပေါ်နေပြီး အဝေးပြေးဂိတ်ရှိ ယာဉ်လိုင်းအချို့ ရပ်နားထားကြောင်း သိရသည်။

‘’ကားတွေကမထွက်တာတော့ မဟုတ်ဘူး၊ထွက်တယ်အချိန်တွေက ကမောက်ကမတွေ ဖြစ်ကုန်တယ်။ဥပမာ-ညနေ ၆နာရီထွက်မယ့်ကားတွေက အရင်ကဆိုရင် မြို့အထွက်တွေမှာ ဆီဖြည့်ပြီးတော့ ထွက်ကြရတယ်။ အခုဆီဆိုင်တွေက ဆီမရတော့ တန်းစီရတာနဲ့ ဆီမရတာနဲ့ အချိန်မီမထွက်နိုင်တော့ဘူး၊ဒါကြောင့်တချို့ဂိတ်တွေ ပိတ်ထားကြရတယ်’’ဟု အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

ရန်ကုန်နှင့် မော်လမြိုင်သို့ ပြေးဆွဲနေသည့် ယာဥ်ပိုင်ရှင် တဦးကလည်း လက်ရှိတွင် စက်သုံးဆီ အခက်အခဲကြောင့် ယာဥ်လိုင်းရှိ ယာဥ်တချို့ ရပ်နားထားရကြောင်း ပြောသည်။
“ စက်သုံးဆီစျေးနှုန်းကလည်း စျေးကြီးနေတော့ လက်မှတ်စျေးတွေကလည်း နည်းနည်းတက်တယ်။  ပြီးတော့ စက်သုံးဆီမရတော့ ယာဥ်တွေထွက်ရတာ အခက်အခဲရှိတယ်။ အခုတော့ ရပ်ထားတယ် ။ အခြေအနေ တချက်စောင့်ကြည့်ရဦးမယ်   ” ဟု ယာဥ်ပိုင်ရှင် အမျိုးသမီးကပြောသည်။

အဝေးပြေးယာဉ်လိုင်း ၂၁၉  မှ  ယာဉ်အစီးရေပေါင်း ၆၀၀ကျော်သည်  နေစဥ် ရန်ကုန်မှ အနယ်နယ် အရပ်ရပ်သို့ ပြေးဆွဲပေးနေသည်ဟုလည်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly