တောင်းပြုံးကျေးရွာ မီးလောင်မှု နေအိမ် ၁၂လုံး ဆုံးရှုံး

By 008 (မဇ္ဈိမ)
07 December 2023
တောင်းပြုံးကျေးရွာ မီးလောင်မှု နေအိမ် ၁၂လုံး ဆုံးရှုံး
ဓါတ်ပုံ - နန်းတော်ရှေ့ ပရဟိတအသင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ တောင်ပြုံးမင်းနှစ်ပါး နတ်နန်းတောင်ဘက်တွင် ယနေ့ ဒီဇင်ဘာ ၇ရက်၊ နံနက် ၁၁နာရီ၊၄၀မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၂လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်သည့် မီးသတ်တဦးက ဆိုသည်။

"ဘယ်က စဖြစ်တယ်ဆိုတာ မသိရသေးဘူး၊ စစ်ဆေးနေတယ်။အိမ်ထောင်စုစာရင်း ကောက်တုန်းပဲဗျ။ နေအိမ်ကတော့ ၁၂လုံး လောင်သွားတယ်။ အသေးစိတ်က ညနေလောက်ဆို သိရပါပြီ။"ဟု မီးသတ်တပ်ဖွဲ့ဝင် တဦးကဆိုသည်။

တနာရီနီးပါးကြာ မီးလောင်ဖြစ်ပွားခဲ့ပြီး  မီးဘေးသင့် အိမ်ထောင်စုများကို လတ်တလောဆုတောင်းပြည့် ဘုရားဝင်းအတွင်းတွင် ယာယီထားရှိထားကြောင်း သိရသည်။

စာတည်း -သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly