ပုလဲမြို့တွင် ပျူစောထီး လက်နက်ဖြင့်အတူ အလင်းဝင်

By 008(မဇ္ဈိမ)
06 December 2023
ပုလဲမြို့တွင် ပျူစောထီး လက်နက်ဖြင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှ ပျူစောထီးတဦး လက်နက်နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ( ၃) စစ်ကြောင်း  တပ်ရင်း အမှတ် (၁၄)၊ (ချင်းတွင်းဒေသ)ထံ အလင်းဝင်လာကြောင်းသိရသည်။

ဒီဇင်ဘာ ၂ရက် ည ၁၀နာရီတွင် Type- 81 အမျိုးအစား သေနတ် တလက် ၊ ကျည်ဘောက် နှစ်ဘောက် ၊ ၇.၆၂ မီလီမီတာကျည် ၈၆တောင့် ၊ ၅.၅၆ မီလီမီတာကျည် ၁၄ တောင့် ၊ လက်ပစ်ဗုံး တလုံးနှင့် စကားပြောစက် တလုံးတို့ဖြင့် တပ်ရင်း အမှတ် (၁၄)၊တပ်ရင်းမှူး ရဲဘော်ဇေယျထံ အပ်နှံပြီး အလင်းဝင်လာခြင်း ဖြစ်သည်။

"အဲဒီလူငယ်ကို နွေးထွေးစွာ ကြိုဆိုပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပါတယ်။"ဟု အမှတ် (၁၄)တပ်ရင်း တာဝန်ရှိသူကပြောသည်။

ဇီးဖြူကုန်းပျူစောထီးကျေးရွာတွင် မနေထိုင်လို၍ ကျောင်းသားတပ်မတော်နှင့် ချိတ်ဆက်ကာ ပြီးခဲ့သည့်အောက်တိုဘာ ၂၄ရက်၊၂၅ရက်တို့တွင် ထွက်ပြေးလာသည့် ပြည်သူ ကိုးဦးကိုလည်း လုံခြုံသည့်နေရာတွင် ပို့ဆောင်ထားသေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly