ကနီမြို့နယ်မှာ ထိခိုက်ပျက်စီးသွားတဲ့စာသင်ကျောင်းတွေကို ပြန်လည်တည်ဆောက်ပေး

By KMN (မဇ္ဈိမ)
05 December 2023
ကနီမြို့နယ်မှာ ထိခိုက်ပျက်စီးသွားတဲ့စာသင်ကျောင်းတွေကို ပြန်လည်တည်ဆောက်ပေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကကျေးရွာအချို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင်တွေကို ပြန်လည်ဆောက်လုပ်ပေးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကျောင်းသား၊ကျောင်းသူ ဦးရေ ၂၀၀ ကျော် တက်ရောက်နေတဲ့ ကနီမြို့နယ် ကျေးရွာတရွာက စာသင်ကျောင်းဆောင်တွေဟာ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဲ့ဒီကျေးရွာမှာစာသင်ဆောင်တခုကို"စာသင်ဆောင်အလှူ ဝိုင်းလို့ကူကမ်ပိန်း"က ရရှိငွေနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဆောက်လုပ်လှူဒါန်းနိုင်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောပါတယ်။

ဒီစာသင်ဆောင်ဟာ ငွေကျပ် ၁၅ သိန်းဝန်းကျင် ကုန်ကျပြီး အနာဂါတ်အလင်းတန်းများအဖွဲ့လှူဒါန်းငွေကတဆင့် ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima

#ကနီမြို့နယ်

#စာသင်ကျောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly