ဒီဇင်ဘာ - ၃
နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း (၃၀)ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။
ဒီနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ မသန်စွမ်းပေမယ့် နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ မသန်စွမ်းသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မသန်စွမ်းသူတွေကို ပိုမိုကာကွယ်ပေးတဲ့ ဥပဒေတွေ၊ လုပ်ဆောင်မှုတွေပေါ်ပေါက်လာဖို့ အစိုးရတွေကို တောင်းဆိုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်ကျင်းပလေ့ရှိပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း မသန်စွမ်းပေမယ့် နိုင်ငံချစ်စိတ်၊ ပြည်သူချစ်စိတ်နဲ့ ဓမ္မဘက်က တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ မသန်စွမ်းသူတွေအများကြီး ရှိနေပါတယ်။
အဲ့ဒီသူတွေအကြောင်းအပါအဝင် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ရဲ့ “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” သတင်းစကားအပြည့်အစုံကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ပါရစေ။