ခင်ဦးရှိ စစ်ကောင်စီ လက်အောက်ခံများ အလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နောက်ဆုံးအကြိမ်သတိပေး

By 008(မဇ္ဈိမ)
02 December 2023
ခင်ဦးရှိ စစ်ကောင်စီ လက်အောက်ခံများ အလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နောက်ဆုံးအကြိမ်သတိပေး

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ  စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့်ပျူစောထီးများ  အလင်းဝင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂ရက်နေ့တွင် နောက်ဆုံး သတိပေး နိုးဆော်ထား​သည်ဟု  Khin U Specialforce Organization (KSO) တာဝန်ခံ ဗိုလ်လင်းရောင်က မဇ္ဈိမကိုပြောသည်။

"ခင်ဦးမြို့နယ် အတွင်းမှာရှိတဲ့ စကစ လက်အောက်ခံ ပျူ၊စစ်သား၊ရဲတွေအနေနဲ့ အထိုင်ချနေရာတွေမှာ အသေမခံဘဲ ပြည်သူလူထုထံ အညံ့ခံအလင်းဝင်ဖို့ နောက်ဆုံး သတိပေးပါတယ်"ဟု KSOတာဝန်ခံ ဗိုလ်လင်းရောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်‌ေကာင်စီ တပ်သားတဦး လက်နက်ဖြင့် အလင်းဝင်ခဲ့သောကြောင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

အာဏာသိမ်းစဥ်မှစ၍ ယနေ့အချိန်ထိ ခင်ဦးမြို့နယ်တွင် CDM ပြုလုပ်ထားသူ စစ်သား၊ရဲနှင့် မီးသတ် ၂၀ဦး ရှိနေကြောင်း သိရသည်။

ခင်ဦးမြို့သိမ်းတိုက်ပွဲဆင်နွှဲရန်  ပြည်သူလူထုအနေဖြင့်  ပူးပေါင်းပါဝင် ထောက်ပို့ပေးကြရန်လည်း လိုအပ်လျက်ရှိကြောင်း ဗိုလ်လင်းရောင်ကဆိုသည်။

ခင်ဦးမြို့နယ်အတွင်း ပူးပေါင်း စစ်ရေးဖော်ဆောင်နေသည့် KSO(KURDAF)၊မြို့နယ်ပကဖအဖွဲ့၊Wolf Guerrilla( Local PDF YE .U) ၊ARF (KURDAF)နှင့်FireDragon(KU)အဖွဲ့တို့သည် ဒီဇင်ဘာ ၁ရက်၊ညနေ ၅နာရီခန့်ကလည်း ခင်ဦးမြို့နယ် အနောက်​ မြောက်ခြမ်းရှိ စစ်ကောင်စီအထိုင်စခန်း၊ပျဥ်‌ေထာင်ကျေးရွာ ပျုစောထီး ခေါင်းဆောင်နေအိမ်တို့ကိုလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly