အကျဉ်းသားတွေအတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်အတွက် တောင်းဆို(ရုပ်သံ)

By မိုးသောက် (မဇ္ဈိမ)
01 December 2023
အကျဉ်းသားတွေအတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်အတွက် တောင်းဆို(ရုပ်သံ)

မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်းမှာရှိနေတဲ့ အကျဉ်းသားတွေအနေနဲ့ လုံလောက်တဲ့ ‌ဆေးဝါးကုသခွင့်တွေ ရရှိဖို့နဲ့ အရေးပေါ်ဆေးကုသခွင့်တွေကို ပိတ်ပင်တားဆီးခြင်း မပြုဘဲ ခွင့်ပြုပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ "အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး"ဆိုတဲ့ ဓာတ်ပုံကမ်းပိန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ပြီး  ပြုလုပ်နေပါတယ်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ စမှာဖြစ်ပြီး အကျဉ်းသားတွေဆေးကုသခွင့် လျင်မြန်စွာရရှိဖို့အတွက် အရေးကြီးလိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသိုက်ထွန်းဦးက မဇ္ဈိမကိုပြောပါတယ်။

အကျဉ်းထောင်တွင်းမှာ အရေးပေါ်ဆေးကုသခွင့်တွေမရတာ၊ ထောင်တွင်းဆေးရုံမှာ ဆေးဝါးအလုံအလောက်မရှိတာတွေကြောင့် သေဆုံးရတဲ့ အကျဥ်းသားတွေလည်း တဖြည်းဖြည််းများလာပါတယ်။ ၂၀၂၃ခုနှစ်အတွင်းမှာ ဆေးဝါးအလုံအလောက်နဲ့ ဆေးကုသမှု ကောင်းကောင်းမရှိတာကြောင့်  အကျဉ်းသား ၁၅ဦးလောက် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။
 

စာတည်း - သန့်ဇော်(သန်လျင်)
တင်ဆက်၊ တည်းဖြတ် - မိုးသောက်

#စစ်ကောင်စီ 
#အကျဉ်းထောင်
#ဆေးကုသခွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly